ဘဏ္ဍာငွေထောက်ပံ့ပေးရေး အစီအစဉ်အား ဂရိနှင့်ယူရိုဇုန်တို့ သဘောတူညီချက်ရရှိ

ဇူလိုင်လ ၁၃ ရက်နေ့ကဂရိနိုင်ငံမှ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင်ပါဝင် ဆောင်ရွက်ပါမည်ဆိုသည့် သဘောတူညီမှု ရရှိပြီးနောက် ယူရိုဇုန် ခေါင်းဆောင်များသည် ဂရိနိုင်ငံ၏ ဘဏ္ဍာရေးအကျပ်အတည်းများအား ဖြေရှင်းပေးနိုင်ရေးအတွက် ဘဏ္ဍာငွေ ထောက်ပံ့ရေးစီမံချက် (bailout plan) ချမှတ်ပေးရန် သဘောတူညီခဲ့ကြသည်။ ၁၇ နာရီကြာ အကြိတ် အနယ် ဆွေးနွေး ညှိုနှိုင်းကြပြီးနောက် ဂရိဝန်ကြီးချုပ် အလက်ဇစ်ဆီပရပ်သည် ၎င်းင်းယုံကြည်ရသောယူရိုဇုန်မှမိတ်ဆွေများချမှတ်မည့်စီမံချက်ကိုလက်ခံခဲ့သည်။ယင်းစီမံချက်သည် IMF  ၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် စစ်ဆေးထားသည့် ဈေးကွက် အခြေပြု စီးပွားရေးဥပဒေအရ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားရ မည်ဖြစ်သည်။ဂရိနိုင်ငံ သည် ယင်းစီမံချက်ကို လက်ခံကျင့်သုံးမည့် သဘောတူညီချက် အား တုံ့ပြန်သည့်အနေဖြင့် သုံးနှစ် အတွင်း ဘဏ္ဍာငွေအထောက်အပံ့ (bailout)  ယူရို ၈၆ ဘီလီယံ (ဒေါ်လာ ၉၆ ဘီလီယံ) ရရှိမည်ဖြစ်သည်။ အဆိုပါ ဘဏ္ဍာငွေအထောက်အပံ့သည် ဂရိအတွက် ငါးနှစ်အတွင်း တတိယ အကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ အဆိုပါ ဘဏ္ဍာငွေအထောက်အပံ့ကို ယူရိုဇုန်တည်ငြိမ်ရေး စီမံခန့်ခွဲမှု ရန်ပုံ ငွေESM (Eurozone bailout fund  for  European Stability Management) မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယူရိုဇုန်ထိပ်သီးဆွေးနွေးပွဲက သဘော တူခဲ့ကြသည်။
ဂရိနိုင်ငံအတွင်း ဘဏ်များသည် ယူရိုငွေကြေး   ပြတ်လပ်လျက်ရှိသည့် အခြေအနေသို့ ရောက်ရှိပြီး၊ ဂရိနိုင်ငံ သည် ယူရိုငွေကြေးကိုသာ အသုံးပြု လျက်ရှိသည့်  အီးယူအဖွဲ့မှ ခွဲထွက် သွားနိုင်သည့် အခြေအနေကိုတားဆီး ရန်အတွက် ယခုကဲ့သို့ထောက်ပံ့ပေးရ ခြင်းဖြစ်သည်။ဂရိဝန်ကြီးချုပ်ဆီပရပ်ကအဆိုပါ အစီအစဉ်သည်   ဂရိနိုင်ငံ အတွက် ကောင်းမွန်ပါကြောင်း၊ သို့ သော်အချို့သောအချက်များသည် လွန်ခဲ့သောရက်သတ္တပတ်က ဂရိ ပြည်သူများကန့်ကွက်မဲပေးခဲ့ကြသည့် ဘဏ္ဍာရေး   ပြုပြင်ပြောင်းလဲမှုအစီအစဉ်ထက်  ပိုမိုခက်ခဲစွာလိုက် နာ ဆောင်ရွက်ရမည့်ကဏ္ဍများ ရှိနေပါ ကြောင်း ပြောကြားခဲ့သည်။ ဂရိအစိုးရ သည် ယင်းတို့တာဝန်ယူသည့် ကာလ အတွင်း ဘဏ္ဍာငွေအထောက်အပံ့ နှစ်ကြိမ်ရယူခဲ့ခြင်းအတွက် လာ မည့် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ပြည်သူူ  သို့ ပေးထားခဲ့သော ကတိကဝတ်များ တည်မြဲအောင် အကောင်အထည်ဖော် ရန် များစွာကြိုးစားရဦးမည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့