ဓာတ်ဆီ၊ဒီဇယ်တန်ချိန် ၄၁၄ တန်ကျော်ဝင်

ဇွန် ၂၇ ရက်မှ ဇူလိုင် ၄  ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၄၇၂၃၀၂ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၇ ဒသမ ၅၀ တန်နဲ့ကန်ဒေါ်လာ ၂၆၄၆၆၁၃၃ တန်ဖိုးရှိ ဒီဇယ် ၃၀၆ ဒသမ ၅၄၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းရန် သွင်း ကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ် ဓာတ်ဆီ အဝင်မှာ ၁၉၈ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၉၁ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်၂၀၀ ကျော်ဝင်လာခဲ့တာ ကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၁၀၆တန်ကျော် အဝင်ပိုခဲ့တယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့ခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလ ဒီဇယ်အဝင်မှာ ၁၃၄၈တန်ကျော်ရှိခဲ့ပြီး ဇွန်လမှာ ၁၄၂၉ တန်ကျော် ရှိခဲ့တာကြောင့် ဇွန်လမှာတန် ၈၀ကျော်အဝင်ပိုခဲ့ပါတယ်။ ဓာတ်ဆီက မေလမှာ ၈၂၅ တန်ကျော်ရှိခဲ့ပြီး ဇွန်လမှာ ၇၉၇ တန်ကျော်ရှိခဲ့တာ ကြောင့် ဇွန်လမှာ၂၈ တန်ကျော် အဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၁၀ ရက်အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ရန်ကုန်နဲ့ တောင်ကြီးမှာ ဈေးငြိမ်နေ ပြီး မော်လမြိုင်မှာ ဒီဇယ်ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင် တစ်ပတ် ဈေးနှင့်နှိုင်း ယှဉ်ကြည့် ရင် ရန်ကုန် မှာ ဓာတ်ဆီရော၊ ဒီဇယ်ပါ ဈေး နည်းနည်း ကျလာတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့် ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးအနည်းငယ်ကျလာတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၈၀၀ ကျပ်၊ ဒီဇယ် ၆၉၀ ကျပ်၊  အောက် တိန်း (၉၂) ၇၂၀ ကျပ်၊ အောက်တိန်း(၉၅) ၈၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၂၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ပီပါဈေး များမှာ ဇူလိုင်၆ ရက် ဓာတ်ဆီဝယ်ဈေး ၁၃၈၀၀၀ ကျပ်၊ရောင်းဈေး ၁၄၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာမှာ တစ်ပတ်လုံးဒီဈေးနဲ့ပဲ   အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါ တယ်။ ဒီဇယ်ဈေးမှာ ဇူလိုင်လ ၆ ရက်မှာ ဝယ်ဈေး ၁၃၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါ တယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီဈေးရော၊  ဒီဇယ်ဈေးပါ အနည်းငယ်ကျလာခဲ့တယ်လို့ သိရပါတယ်။တစ်ဂါလန် ဝယ်ဈေး၊ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့  ဓာတ်ဆီ၊  ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်း သိရှိခဲ့ပါတယ်။ မန္တလေးဈေး ကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။  ပုဂ္ဂလိကစက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊ အောက်တိန်း ၈၀၀ ကျပ်၊ ဒီဇယ် ၇၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပလက်လီ ဆိုင်များ မှာအရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာဇူလိုင်လ ၆ ရက်နေ့မှာဒီဇယ် ဝယ်ဈေး ၁၃၆၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၉၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ရာဇူလိုင် ၇ ရက်တွင် ဝယ်ဈေး ၁၃၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီဈေးမှာ ဇူလိုင်လ ၆ ရက်နေ့ ဝယ်ဈေး၁၄၅၀၀၀ ကျပ်၊ရောင်းဈေး ၁၄၈၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်ခဲ့ရာတစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့  ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်မှာဈေးငြိမ်ပြီး  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့  သိရပါ တယ်။  ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများကဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၃၃၀ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ရောင်းချတယ်လို့ သိရပါ တယ် ။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၄၀၀ ကျပ်၊အောက်တိန်း၃၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေး ကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က  ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် စက်သုံးဆီဈေးများ ငြိမ်နေတယ်လို့သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၃၂၀၀ကျပ်၊ ဒီဇယ်၃၅၀၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၃၃၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ် လို့ သိရပါ တယ်။  
 MIRT-DOT