အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံအား အကောက်ခွန်သက်သာခွင့် (GSP) ပြန်လည်ပေးအပ်

အမေရိကန်အနေဖြင့် ထိုင်းနိုင်ငံ ကိုပေးသော အကောက်ခွန် သက်သာ ခွင့်  (Generalized System of  Preference-GSP) ကိုနောက်ထပ်လေး နှစ်နှင့်ငါးလတာ ကာလအတွက် ယခင် အတိုင်းပေး ရန် ဇွန်လ ၂၉ ရက်နေ့ကသဘောတူခဲ့ပါသည်။ အမေရိကန်၏ GSP အခွင့်အရေးကို နဂိုအတိုင်း ပြန်လည်ရရှိခဲ့သဖြင့်  ထိုင်းနိုင်ငံ၏ ယခု နှစ် ပြည်ပတင်ပို့မှု သည်   လျော့ နည်း ကျ ဆင်းမည်မဟုတ်ဟု  ယုံကြည်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါ သည်။အမေရိကန်မှ ပေးသော GSP အခွင့် အရေး/အကောက်ခွန် သက်သာခွင့်သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ သက်တမ်းပြည့်ခဲ့သော်လည်း  သက်တမ်းထပ်မံတိုးမြှင့်ခြင်း မပြုလုပ် ကြကြောင်း၊ ယခုအခါ အမေရိကန်မှ အကောက်ခွန် သက် သာခွင့် ကို ယခင်အတိုင်းပေးရန် သဘောတူလိုက်ခြင်း ဖြင့် ထိုင်းပြည်ပတင်ပို့သူများသည် ကုန်စည်အမျိုးအစား ၃၄၀၀အတွက် နှစ်နှစ်စာ ပြန်အမ်းငွေ (ပြီးခဲ့သည့်နှစ် နှစ်အတွင်း အမေရိ ကန် သို့ တင်ပို့ခဲ့ သော ကုန်စည်များအတွက် အခွန်ပြန် အမ်းငွေ) ရရှိမည်ဖြစ်ကြောင်း သိရှိရပါ သည်။အမေရိကန်သို့ အဓိကတင်ပို့ သော ကုန်ပစ္စည်းများမှာ ကြွေထည်မြေ ထည်များ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ပြုပြင်ထုတ်လုပ်ထားသည့် စားသောက် ကုန်များ ဖြစ်ပါသည်။ ယခုနှစ်ထိုင်းနိုင်ငံ ၏ပြည်ပတင်ပို့မှုနှင့်ပတ်သက်၍  အခြေ အနေများ ဆိုးရွားလာနိုင်ကြောင်း အဖွဲ့ အစည်းအသီးသီးက  ခန့်မှန်းထားကြ သော်လည်း  စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်ပတင်ပို့မှု ကျဆင်းခြင်းမှာ မဖြစ် နိုင်ဟု ယုံကြည်လျက် ရှိပါ သည်။ထိုင်းနိုင်ငံ၏   ပြည်ပတင်ပို့မှု သည် ပြီးခဲ့သည့် မေလက ငါးလမြောက် အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ သို့ ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည်   ယခုနှစ် ဒုတိယနှစ်ဝက်တွင်  ပြည်ပတင်ပို့မှု ပြန်လည်ကောင်းမွန်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ယခုနှစ်ပြည်ပတင် ပို့မှု တိုးတက်နှုန်း ခန့်မှန်းချက်ကို ၁ ဒသမ ၂ ရာခိုင်နှုန်းမှာပင် ဆက်လက် ထားရှိဆဲဖြစ်ပါသည်။သို့သော် ထိုင်းနိုင်ငံဗဟိုဘဏ်မှ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာပြဿနာ များ (Structural Problems)  နှင့် ထိုင်း နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ ၏ စီးပွားရေး အားနည်းနေခြင်းတို့ ကြောင့် ယခုနှစ် ပြည်ပတင်ပို့မှုသည် ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းလိမ့်မည် ဟု ဇွန်လ ၁၉ ရက်နေ့က ပြင်ဆင်ခန့်မှန်း ခဲ့ပါသည်။အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာနသည် အမေရိကန်သို့ ပြည်ပတင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ပြည်ပတင်ပို့မှု မြှင့်တင် ရန် လှုံ့ဆော်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန်အတွက် စီးပွားရေးလုပ် ငန်းရှင်ကြီးများနှင့်   တွေ့ဆုံမည်ဖြစ် သည်။  တရားမဝင် ငါးဖမ်းခြင်းများ အား ပြင်းထန်သော ပြစ်ဒဏ်များချမှတ် လျက်ရှိသဖြင့် ငါးဖမ်းလှေများသည်  ပင်လယ်ပြင်တွင် ငါးဖမ်းခြင်းအား ရပ်ဆိုင်းထားကြသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်နှင့်ဖြေရှင်းနိုင်မည့် နည်း လမ်းများကို ဆွေးနွေးဖော်ထုတ်ရန် ငါး လုပ် ငန်းနှင့်ဆက်နွယ်သော ပြည်ပ တင်ပို့သူများကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဗန်ကောက်မြို့