ကုန်သွယ်ရေး ထောက်ပံ့မှု (Aid for Trade) ရဲ့ လက်တွေ့အကျိုးသက်ရောက်မှုရှိလာ

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေရဲ့ စွမ်းဆောင် ရည်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာပါဝင်လာကြတဲ့အခါ ခိုင် မာတောင့်တင်းမှုရှိနိုင်ဖို့အတွက်  အထောက်အပံ့များပေးဖို့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကတိပြုထားပြီးဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုမှာ ပါဝင်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့အပြင် ဆင်းရဲနွမ်းပါးမှုကိုလည်း  လျှော့ချ ပေးနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုအခြေခံပြီး ယခုလိုအကူအညီပေး ခဲ့တာ ဖြစ်ပါတယ်။ဒဗလျူတီအို အစီအစဉ်အရ   ကုန်သွယ်ရေးဖြေလျှော့မှုတွေ ဆောင်ရွက်ရာမှာ ပါကစ္စတန်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စိန် ခေါ်မှုအမြောက်အမြားနဲ့ ရင်ဆိုင်နေရကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလေးပေးပြောကြားကြပါတယ်။အဲဒီအခက်အခဲတွေ ထဲမှာ ဖြန့်ဖြူး ရေးတစ်နည်းအားဖြင့် ရောင်းလိုအား ဘက်မှာရှိနေ တဲ့အဟန့်အတား များမှ အစပြုကာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ထိထိရောက် ရောက်ပါဝင်ပြီး စီးပွားရေးအကျိုးအမြတ်ရယူနိုင်မယ့် စွမ်းဆောင်ရည်ကိုကျဆင်းစေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးမှုအဟန့် အတားတွေအထိ ပါဝင်ပါတယ်။ဒီလိုနောက်ခံအခြေအနေတွေကို အကြောင်းပြုပြီး ၂၀၀၅ခုနှစ် က ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ဒဗလျူတီအိုကွန်ဖရင့်မှာ ကုန် သွယ်မှုအကူအညီ (Aid for Trade)   ကိုချမှတ်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ လိုအပ်ချက်တွေရှာဖွေဖော်ထုတ်ဖို့နဲ့  သဘာဝအရင်းအမြစ်တွေ စုစည်းရာမှာ အလှူရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့   အဖွဲ့တစ်ဖွဲ့ ကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။အလှူငွေကို လက်ခံရယူမယ့်နိုင်ငံတွေ အတွက် နိုင်ငံစုံ အပြန် အလှန်ဆောင်ရွက်နေတဲ့ အလှူရှင်တွေနဲ့  နှစ်နိုင်ငံ အပြန်အလှန် ဆောင်ရွက်နေတဲ့အတွက် အလှူရှင်တွေရဲ့ အလှူငွေတွေကို လက်ခံ ရ ရှိအောင် ဒဗလျူတီအိုရဲ့  ဆောင်ရွက်မှုတွေက အောင်မြင်မှုတွေ ရရှိထားပြီးဖြစ်ပါတယ်။  ဒဗလျူတီအိုက(Aid for Trade)    အစီအစဉ်ကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ပေးလျက်ရှိပါတယ်။ယခုအချိန်  လေ့လာသုံးသပ်ချက်ကို ဖြန့်ဝေပေးထားပြီး ပÍ္စမလေ့လာသုံးသပ်ချက်ကို ၂၀၁၅ ခုနှစ် ဇွန်လ  ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။