ဂျပန်ကုမ္ပဏီက ဘယ်လ်ဂျီယံနိုင်ငံတွင် ယူရိုသန်း ၃၅၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံမည်

   ဓာတုပစ္စည်းဆိုင်ရာ ဂျပန်ကုမ္ပဏီ အုပ်စုတစ်ခုဖြစ်သော Nippon Shokubai သည် ဘယ်လ်ဂျီယံနိုင်ငံ၊ အန်းဝပ် ဆိပ်ကမ်းရှိ ၎င်း၏ စက်ရုံအားထပ်မံတိုးချဲ့ရန် ယူရိုသန်း ၃၅၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း  Flanders Investment and Trade ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရသိရှိရပါသည်။

   ဂျပန်ကုမ္ပဏီသည် စက်ရုံတိုးချဲ့ဆောက်လုပ်မှု ပြီးစီးသွားပါက Superabsorbent Polymers နှစ်စဉ်ထုတ်လုပ်မှုအား တန်ချိန် ၆၀၀၀၀မှ တန်ချိန် ၁၆၀၀၀၀ သို့ တိုးမြှင့်ထုတ် လုပ်နိုင်ရန် ရည်မှန်းထားပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့