၂၀၁၄ ခုနှစ်တွင် အီးယူမှအီးယူ ပြင်ပနိုင်ငံများသို့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုတိုးတက်

   ၂၀၁၄ ခုနှစ်တွင် အီးယူသည် အီးယူပြင်ပနိုင်ငံများသို့ တန်ချိန် ၇ ဒသမ ၇ သန်းခန့်ရှိသော လတ်ဆတ်သောသစ်သီးနှင့်ဟင်းသီးဟင်းရွက်များတင်ပို့ခဲ့ရာ ၂၀၁၃ ခုနှစ်နှင့်နှိုင်း ယှဉ်ပါက အီးယူ၏ တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ပါသည်။

   ၂၀၁၄ ခုနှစ်တွင် အီးယူ ပြင်ပ နိုင်ငံများသို့ အီးယူ၏ သစ်သီးတင်ပို့မှုသည် တန်ချိန်အားဖြင့် ၄ ဒသမ ၂ သန်းခန့်ရှိ ခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် တိုး တက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အီးယူမှ အီးယူ ပြင်ပနိုင်ငံများသို့ အဓိကတင်ပို့မှုပြုလုပ်ခဲ့သည့် သစ်သီးများမှာ ပန်းသီးတန်ချိန် ၁ ဒသမ ၇ သန်းခန့်နှင့် သစ် တော်သီးတန်ချိန် ၄၇၁၇၉၇ ခန့် တို့ဖြစ်ကြပါသည်။

   ၂၀၁၄ ခုနှစ်တွင် အီးယူပြင်ပနိုင်ငံများသို့ အီးယူ၏ ဟင်းသီးဟင်းရွက်တင်ပို့မှုသည် တန်ချိန်အားဖြင့် ၃ ဒသမ ၄ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၉ ရာခိုင်နှုန်း ခန့်တိုးတက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အီးယူမှ အီးယူ ပြင်ပနိုင်ငံများသို့ အဓိကတင်ပို့မှုပြုလုပ်ခဲ့သည့် ဟင်းသီးဟင်းရွက်များမှာ အာလူးတန်ချိန် ၁ ဒသမ ၄ သန်း ခန့်နှင့် ကြက်သွန်နီတန်ချိန် ၈၀၄၆၅၉ ခန့် တို့ဖြစ်ကြပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့