ကိုရီးယားဘဏ်လုပ်ငန်းများ ခေတ်မီတိုးတက်လာ၍ ဘဏ်ခွဲများပိတ်သိမ်းခဲ့

    တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ်ဘဏ်လုပ်ငန်းမှပေးသော ဝန်ဆောင်မှုများကိုအွန်လိုင်းမှလည်းကောင်း၊ စမတ်အီလက်ထရောနစ် ကိရိယာများမှလည်းကောင်းသုံးစွဲမှု ပိုမိုလာ ကြသဖြင့် ဘဏ်ခွဲများကို ပိတ်သိမ်းနေကြရသည်။  နိုင်ငံတစ်ဝန်းလုံးရှိ ဘဏ်ခွဲအရေအတွက်သည် ငါးနှစ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်သည့် ဘဏ်ခွဲစုစုပေါင်း ၇,၄၀၀ ကျော်ကျော်သာ ရှိခဲ့သည်ဟု ကိုရီးယားဗဟိုဘဏ်က မတ် ၁၀ ရက်ကစာရင်းထုတ်ပြန်ခဲ့သည်။

   ယခုနှစ်အတွင်းတည်ရှိနေသော ဘဏ်ခွဲအရေအတွက် ၇,၄၀၀ ကျော်က ပိတ်သိမ်းခဲ့သော ဘဏ်ခွဲမှာ ၂၇၀ ရှိသည်ဟုဆိုလိုသည်။ ယမန်နှစ်က စမတ်ဖုန်းဖြင့် ဘဏ်လုပ် ငန်းဆောင်ရွက်မှုကို မှတ်ပုံတင်ထားကြသော လူဦးရေသည် ၄၈ ဒသမ ၂ သန်း ကျော်သွား ပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းတက်လာသည်ကိုတွေ့ရပါသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့