ဗင်နွာတူနိုင်ငံတွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိ

    ပြီးခဲ့သည့်မတ် ၁၃ရက်မှ ၁၄ရက်အထိ တိုက်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မုန်တိုင်းပန်မ်ကြောင့် ဗင်နွာတူနိုင်ငံတွင်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရ သည်။ အဆိုပါမုန်တိုင်းသည် ဗင်နွာတူနိုင်ငံ၏ သုံးပုံ နှစ်ပုံကျော်ခန့်ကို တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မုန်တိုင်းတိုက်ခတ်ခံရသည့် ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ လည်းဖြစ်ပေါ်လျက်ရှိကြောင်း ဒေသဆိုင်ရာသတင်းများတွင် ဖော်ပြထားသည်။

   မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း သုံးသောင်းကျော်မှာ အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ရပြီး ကျန်နေအိမ်များမှာလည်း ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ရကြောင်းဖြင့် ဗင်နွာတူနိုင်ငံ သဘာ ဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

  တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ (၁၈၅မိုင်)နှုန်းတိုက်ခတ်ခဲ့သည့် အဆိုပါမုန်တိုင်းကြောင့် အနည်းဆုံးလူ ၁၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုး  လာနိုင်ကြောင်း၊ လူနေအိမ်များ အများအပြားပျက်စီးသည့်အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလည်း အများအပြားပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းဖြစ်ရပ် များကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်ကာ ဘေးဒုက္ခများနှင့်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့က ထုတ်ဖော်ကြေညာခဲ့ သည်။

   ကုလသမဂ္ဂလူသားချင်း စာနာထောက်ထား မှုဆိုင်ရာအဖွဲ့မှ ကယ်ဆယ်ရေးလုပ်သားများကိုစေလွှတ်လျက်ရှိပြီး ဗင်နွာတူနိုင်ငံ၏မြို့တော်ဖြစ်သည့် ပို့တ်ဗီလာတွင် ကယ် ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

   ထို့ပြင်  အဆိုပါကယ်ဆယ်ရေးအဖွဲ့သည် C130 လေယာဉ်နှစ်စင်းဖြင့်  စားနပ်ရိက္ခာများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ  အင်ဂျင်နီယာများကိုလည်း မြို့တော် ဗီလာသို့ စေလွှတ်ပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆူနီကပြောကြားခဲ့သည်။

မယ်သီတာ