ရင်းနှီးမြှုပ်နှံမှုကျဆင်းတဲ့အတွက် ဂျပန်နိုင်ငံရဲ့ စတုတ္ထသုံးလပတ်စီးပွားရေးဖွံ့ဖြိုးမှုကိုလျှော့ချခန့်မှန်း

    ငွေလုံးငွေရင်းအသုံးစရိတ်ကျဆင်းတဲ့အတွက် စတုတ္ထသုံးလပတ် မှာဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက မူလခန့်မှန်းထားတာထက်ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် စားသုံးသူ သုံးစွဲမှုပြန်လည်မြင့်တက်လာတာက စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုကိုအားပေးနိုင်ပါ့မလားဆိုတဲ့စိုးရိမ်မှုတွေမြင့်တက်စေခဲ့ပါတယ်။ နှစ်အလိုက်နှိုင်းယှဉ်မည်ဆိုပါက အောက် တိုဘာမှ ဒီဇင်ဘာသုံးလ အတွင်း ဂျပန်စီးပွားရေးက ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မတ်လ ၉ ရက်က  ဝန်ကြီးအဖွဲ့ဝင်ရုံးကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရသိရ ပါတယ်။ ပဏာမတိုးတက်မှုနှုန်းဖြစ်တဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင်တော့ ဂျီဒီပီတိုးတက်မှုနှုန်းက ကျဆင်းနေတာကို တွေ့ရပါတယ်။

   စတုတ္ထသုံးလပတ်မှာ စားသုံးသူ သုံးစွဲမှုမြင့်တက်လာတဲ့အတွက် ဂျပန်စီးပွားရေးရဲ့  တချို့အစိတ်အပိုင်းတွေ တိုးတက်မှုရှိနေကြောင်း  ပြသနေပါတယ်။ ဒါပေမယ့် ငွေလုံးငွေ ရင်းမတည် အသုံးစရိတ်ကျဆင်းနေတာကို ကြည့်ခြင်းအားဖြင့် ဘဏ္ဍာရေးနဲ့ငွေကြေးတိုးချဲ့မှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အပြောင်းအလဲတွေက ကုမ္ပဏီကြီးတွေ ဝင်ငွေတိုး တက်ရေး၊ လုပ်ခလစာတိုးမြှင့်ရေးနဲ့   စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင်မဆောင် ရွက်နိုင်သေးတာကိုပြသလျက်ရှိပါတယ်။

   အကယ်၍ရနံစိမ်းဈေးနှုန်းကျဆင်းမှုကငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်အောင်ဆောင်ရွက်မှုတွေကိုအဟန့်အတားဖြစ်စေမယ်ဆိုရင်တော့လှည့်လည်ငွေကြေးမြင့်တက်အောင် ထပ်မံဆောင်ရွက်ဖို့လိုမှာဖြစ်ကြောင်း ဒုတိယအုပ်ချုပ်ရေးမှူး ဟီရိုရှီနာကာဆို စီးပွားရေးတိုးတက်နှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းရည်မှန်းချက်ကို ပေါက်မြောက်အောင်ဆောင် ရွက်နိုင်ရေးအတွက်    စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

   ဂျပန်နိုင်ငံရဲ့  စီးပွားရေးက သုံးလပတ်အလိုက်နှိုင်းယှဉ်မယ်ဆိုရင် စတုတ္ထသုံးလမှာ သုည ဒသမ ၄ ရာခိုင် နှုန်းနဲ့ ပဏာမခန့်မှန်းချက်နဲ့နှိုင်းယှဉ်ရင် သုည ဒသမ ၆ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပါတယ်။ စတုတ္ထသုံးလပတ်ဂျီဒီပီ ဖွံ့ဖြိုးမှုနှုန်းနည်းပါးရသည့်အဓိကအချက်မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့  လက်ကျန်နည်းပါးမှုကြောင့်ဖြစ်ပါတယ်။

ဉာဏ်တင်