ဂရိနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမူကြမ်းက အထောက်အကူဖြစ်နိုင်

   ချေးငွေတွေကို ပိတ်ဆို့မထားစေရန်အတွက် ယူရိုဇုန်ဝန်ကြီးများထံသို့ ဂရိနိုင်ငံကတင်ပြသောပြုပြင်ပြောင်းလဲရေး မူကြမ်းမှာအထောက်အကူပြုနိုင်တဲ့ အလားအလာရှိပါ တယ်။ ဒါပေမယ့် ဂရိနိုင်ငံကို ငွေထုတ်ချေးထားတဲ့ မြီရှင်နိုင်ငံတွေရဲ့စိစစ်မှုကိုခံယူဖို့လိုသေးကြောင်း ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများပါဝင်တဲ့ အဖွဲ့ဖြစ်တဲ့ Eurogroup ရဲ့အကြီး အကဲကပြောပါတယ်။

   မြီရှင်တွေနဲ့ဆွေးနွေးပွဲတွေကို ချက်ချင်းပြန်လည်စတင်ဖို့တောင်းဆိုထားတဲ့ ဂရိနိုင်ငံအစိုးရရဲ့ အကြောင်းကြားစာကို မတ် ၆ ရက်ရရှိခဲ့ပြီးနောက် ဂရိနိုင်ငံနဲ့ဆွေးနွေးရာမှ ဦးဆောင်နေတဲ့ ဂျီရိုအန်း ဒီဆဲပလိုအမ်က ယခုလိုပြောခဲ့တာဖြစ်ပါတယ်။  ယခင်အစိုးရက သဘောတူထားပြီးဖြစ်တဲ့ ရည်မှန်းချက်တွေကိုပြည့်မီအောင်ဆောင်ရွက်ရေးအတွက် Eurogroup က ဆောင်ရွက်ဖို့ဆန္ဒရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ခုနစ်ချက်ကိုလည်း သူကပြောကြားခဲ့ပါတယ်။

   ဒီရည်မှန်းချက်တွေကို ပြည့်မီအောင် ဆောင်ရွက်ပြီး တာနဲ့တစ်ပြိုင်နက် ယူရိုဇုန်နဲ့အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ထံမှ ချေးငွေတွေထပ်မံရရှိမှာဖြစ်ပြီး ဥရောပ ဗဟိုဘဏ် (ECB) ဈေးကွက်လုပ်ငန်းတွေမှာ ဂရိနိုင်ငံဗဟိုဘဏ်တွေကပါဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုလကုန်မှာ ဂရိအစိုးရထံမှာ  ငွေပြတ်တော့မှာဖြစ်တဲ့ အတွက် အချိန်က အလွန်နီးကပ်နေပြီဖြစ်ပါတယ်။

  ဂရိနိုင်ငံရဲ့ အဓိကမြီရှင်တွေက ယူရိုဇုန်အစိုးရများနဲ့အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ဖြစ်ပါတယ်။ မြီရှင်တွေကိုယ်စားပြုထားတာက သုံးပွင့်ဆိုင် (Trioka) အဖွဲ့ဖြစ် ပြီး ဥရောပကော်မရှင် ဥရောပဗဟိုဘဏ်နဲ့ အိုင်အမ်အက်ဖ်တို့ဖြစ်ပါတယ်။

ဉာဏ်တင်