ကိုရီးယားတွင် Duty free စီးကရက်များဈေးပေါနေဆဲ

   လတ်တလောတွင် တောင်ကိုရီးယားရှိ စီးကရက်လက်လီဈေးနှုန်းများ ဈေးတက်နေသော်လည်း အကောက်ခွန်လွတ်ဆိုင်များ  (duty free shop) များတွင်ရောင်းချနေသော စီးကရက်များမှာဈေးသက်သာနေဆဲဖြစ်သည်။ ကိုရီးယားဘဏ္ဍာရေးနှင့် နည်းဗျူဟာဝန်ကြီးဌာန၏အဆိုအရ တရုတ်ခရီးသွားများ များပြားလာခြင်းကြောင့် အကောက်ခွန်ကင်း လွတ်ခွင့်ရသည့် ဆိုင်များရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများတက်မသွားအောင် ဆွဲဆောင်ထားနိုင်ခဲ့သည်။ သို့မဟုတ်ပါက တရုတ်ခရီးသွားများ အခြားနိုင်ငံများသို့ ခြေဦးလှည့် သွားနိုင်သည်ဟု အဆိုပါဝန်ကြီးဌာနကဆိုသည်။

  သို့သော်အစိုးရသည် ပြင်ပပေါက် ဈေးနှင့်အကောက်ခွန်ကင်းလွတ်ခွင့်ရသည့် ဆိုင်များရှိဈေးနှုန်းများကွာဟချက် ကြီးမားစွာဖြစ်ပေါ်မနေစေရန်သုံးသပ်သွားရမည်ဖြစ်သည်။ ယခုနှစ်အတွင်း စီးကရက်ဈေးနှုန်းများကို တစ်ဘူးလျှင် မူလဈေးနှုန်း ဝမ် ၂,၀၀၀ မှ ဝမ် ၄,၅၀၀ သို့ တက်သွားခဲ့သည်။ သို့သော် အကောက်ခွန်ကင်းလွတ်ခွင့်ရသည့် ဆိုင်များ တွင် စီးကရက်ဈေးနှုန်းသည် ပြင်ပပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းသက်သာနေခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို