တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် မြေပြိုမှုများဖြစ်ပွား၍ အဝေးပြေးလမ်းမကြီးပိတ်ထားခဲ့ရ

  တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသဖြစ်သည့် စီကျန်းကိုယ်ပိုင်စီရင်စုဒေသတွင် ဖေဖော်ဝါရီ ၂၇ရက်က ဆီးနှင်းများအရည်ပျော်ကျ၍ မြေပြိုမှုများဖြစ်ပွားခဲ့ရာ စီကျန်းပြည် နယ်သို့သွားသည့် အဝေးပြေးလမ်းမကြီးကို ပိတ်ထားခဲ့ရကြောင်းဖြင့် china. org တွင်ဖော်ပြထားသည်။

   ဆီးနှင်းတောင်များ အရည်ပျော်ကျကာ လမ်းများပိတ်ဆို့နေမှုကြောင့် လူပေါင်း ၅၀၀ နှင့် မော်တော်ယာဉ် အစီးပေါင်း ၁၀၀ ခန့်သည် ကာရာကိုရမ် အဝေးပြေးလမ်းမကြီးပေါ် တွင် ပိတ်မိနေခဲ့သည်။

  ထို့ပြင်ခါလီဇုခါဇစ်စီရင်စုဒေသတွင်လည်း ဖေဖော်ဝါရီ ၂၆ရက်က ဆီးနှင်းများ ထူထပ်စွာကျရောက်ခဲ့မှုကြောင့် လမ်းများပေါ်တွင် ဆီးနှင်းထုများ ပိတ်ဆို့နေခဲ့ကြောင်းသိရ သည်။

   သို့သော် ဆီးနှင်းများကျဆင်းပြီး နောက်နေ့တွင် အပူချိန်များရုတ်တရက်  မြင့်တက်လာမှုကြောင့် ဆီးနှင်းတောင်များ အရည်ပျော်ကျဆင်းလာကာ တောင်ပြိုမှုများ ဖြစ်ပေါ် ရခြင်းဖြစ်သည်။

   ''အဲဒီနေ့က ဆီးနှင်းတွေအများကြီးကျတယ်။ နောက်နေ့လည်းကျရော အပူချိန်က ရုတ်တရက် မြင့်တက်လာတဲ့အတွက် ဆီးနှင်းတွေ ပြိုကျလာတာပါ။ အဲဒါကြောင့် ကာရာကို ရမ်အဝေးပြေးလမ်းမကြီးကို ပိတ်ထားရပါတယ်''ဟု စီရင်စုဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒွန်ဘိုက ပြောကြားခဲ့သည်။

   ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်ပြည်မကြီးမှ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

   ကာရာကိုရမ် အဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားပြီး ပါကစ္စတန်နယ်စပ်ဒေသနှင့် တရုတ်နိုင်ငံစီကျန်းပြည်နယ်တို့ ကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ အဆိုပါလမ်းမကြီးသည် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်မကြာခဏဖြစ်ပွားတတ်သည့်လမ်းမကြီးတစ်ခုဖြစ်ကြောင်းသိရသည်။