တောင်ကိုရီးယားတွင် ၂၀၁၄ ခုနှစ်၌ လူငယ်အလုပ်လက်မဲ့ဦးရေ ရှစ်သောင်းနီးပါးတိုးမြင့်လာ

   တောင်ကိုရီးယားနိုင်ငံတွင်  အသက် ၁၅နှစ်နှင့် ၂၉ နှစ်ကြားအရွယ် လူငယ်အလုပ်လက်မဲ့အရေအတွက်သည် ၇၇,၀၀၀ ဦးတိုးလာသဖြင့် စုစုပေါင်း လူငယ်အလုပ်လက်မဲ့ ဦးရေသည် ၂၀၁၄ ခုနှစ်အတွင်း ၃ ဒသမ ၈၇ သန်းရှိသွားပြီဖြစ်သည်။ တောင်ကိုရီးယားရှိပြည်နယ်နှင့်မြို့ကြီး  ၁၆ ခုအနက် လူငယ်အလုပ်လက်မဲ့အများဆုံးမြို့ကြီးမှာ အင်ချွန်း မြို့ဖြစ်ပြီး လူငယ်အလုပ်လက်မဲ့ ၁၂ ဒသမ ၁ ရာခိုင်နှုန်းရှိနေသည်။ အခြားမြို့ကြီး များဖြစ်သော ဆိုးလ်မြို့၊ ဂင်ဝမ်မြို့၊ တောင်ဂျိုလာမြို့များတွင်လည်း အလုပ်လက်မဲ့ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း အထက်ရှိကြသည်ဟု ကိုရီးယားအလုပ်အကိုင်သတင်း ဝန်ဆောင်မှုလုပ်ငန်းမှထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Employment Trend Brief အရ သိရှိရသည်။

   ကိုရီးယားလူငယ်အလုပ်အကိုင်ရှိသူ အရေအတွက်ကိုကြည့်လျှင် Gyeonggi ပြည်နယ်တွင် ၂၇,၀၀၀ ဦး၊ North Gyeongsang ပြည်နယ်တွင် ၂၃,၀၀၀ ဦးတို့ရှိကြပြီး၊ ဆိုးလ်မြို့၊ Gyeongsang၊တောင်ဂျိုလာမြို့နှင့် ဂင်ဝမ်မြို့များတွင် အလုပ်အကိုင်ရှိပြီးသူ လူငယ်များ၏အရေအတွက်တို့သည် ၉,၀၀၀ ဦး၊ ၅,၀၀၀ ဦး၊ ၄,၀၀၀ ဦးနှင့် ၂,၀၀၀ ဦးတို့ အသီးသီးလျော့ကျသွားခဲ့သည်။ အထူးသဖြင့် North Gyeongsang ပြည်နယ်တွင် လူငယ်အလုပ်လက်မဲ့အချိုးသည် ၂၀၁၃ ခုနှစ် ကလည်း ၁၀ ရာခိုင်နှုန်းအထက်ရှိခဲ့ပြီး၊ ယင်းပြည်နယ်၏ အမြင့်ဆုံးအလုပ်လက်မဲ့ရာခိုင်နှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်း ကိုကျော်တက်နေခဲ့ပြီးဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့