ဂျပန်ကုန်သည်အသင်း၏ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို စင်ကာပူနိုင်ငံရှိ AVA အဖွဲ့အစည်းမှအသိအမှတ်ပြုလက်ခံ

   ဂျပန်နိုင်ငံမှ စင်ကာပူသို့တင်သွင်းသည့် စားသောက်ကုန်စည်များနှင့်ပတ်သက်၍ မှတ်တမ်းများကောင်းမွန်မှုအပေါ် အခြေပြုလျက်သွင်းကုန်လုပ်ငန်း စဉ်၌ပူးတွဲပါရှိရန် လိုအပ်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certifi- cate of Origin) ကို ဂျပန်နိုင်ငံ ငါးလုပ်ငန်း၊ သစ်တောနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအပြင် ဂျပန်နိုင်ငံကုန်သည် လုပ်ငန်းရှင်များအသင်းမှ ထောက်ခံချက်ထုတ်ပေးမှုကို လက်ခံသဘောတူကြောင်း စင်ကာပူနိုင်ငံရှိ လယ်ယာထွက်အစားအစာနှင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာအာဏာပိုင်အဖွဲ့ (Agri- food and Veterinary Authority, AVA) ကဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ AVA ၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံရှိ Gunma၊ Ibaraki နှင့် Tochigi စသည့်စီရင်စု နယ်မြေဒေသများမှ ကြက်ဥ၊ သားငါးနှင့် အသားထုတ်ကုန်များ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ လက်ဖက်ခြောက် ထွက်ကုန်များကို စင်ကာပူနိုင်ငံသို့တင်သွင်းရာတွင် အဆိုပါ CO သက်သေခံလက်မှတ်များမှာ လက်ငင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းသိရှိရသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ တိုကျိုမြို့