ရေနံထုတ်လုပ်မှုတိုးမြှင့်သော်လည်း အမေရိကန်ကုန်သွယ်ရေး လိုငွေပြမှု သိသိသာသာပြောင်းလဲမှုမရှိ

   အမေရိကန်နိုင်ငံတွင် ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းသည်နိုင်ငံ၏ကုန်သွယ်ရေးအခြေအနေကိုပြောင်းလဲစေခဲ့ပါသည်။ ၂၀၁၄ ခုနှစ်အတွင်း ရေနံထုတ်လုပ်မှုတိုးတက်ခဲ့၍ ဓာတ်ဆီတင်သွင်းမှုသည်နိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုထက် ၂၀ ရာခိုင် နှုန်းအောက်သို့ရောက်ရှိခဲ့ပါသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက လောင်စာဆီတင်သွင်းမှု သည် ကုန်သွယ်ရေးလိုငွေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့သဖြင့် ၂၀၁၄ ခုနှစ်တွင် သိသိသာသာကျဆင်းသွားပါသည်။

  ၂၀၁၄ခုနှစ်တွင်ပြည်ပမှရေနံ တင်သွင်းမှုကျဆင်းခြင်းနှင့် ရေနံဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် ဓာတ်ဆီတင်သွင်းမှုသည် ငါးနှစ်တာကာလအတွင်းအနိမ့်ဆုံးသို့ရောက်ရှိခဲ့ပါ သည်။ နိုင်ငံ၏ စီးပွားရေးပြန်လည် နာလန်ထူလာမှုနှင့် ဒေါ်လာငွေ အားကောင်းခြင်းတို့ကြောင့် ပြည်ပမှ အခြားကုန်စည်များတင်သွင်းမှုမှာမြင့်မားခဲ့၍ ကုန်သွယ်ရေးလိုငွေပြမှု သည် သိသာစွာကျဆင်းခြင်းမရှိကြောင်းသိရှိရပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဝါရှင်တန်မြို့