အိန္ဒိယနိုင်ငံ၏ အကောက်ခွန်သက်သာကင်းလွတ်ခွင့် DFTP အစီအစဉ်အရ CO Form လျှောက်ထားနိုင်

   အိန္ဒိယနိုင်ငံမှဖွံ့ဖြိုးမှုနည်းသော နိုင်ငံများသို့ တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်ပေးထားတဲ့ DFTP အစီအစဉ်အရ မြန်မာနိုင်ငံကိုလည်း တစ်ဖက်သတ်အကောက်ခွန် သက်သာကင်းလွတ်ခွင့်ပေးထား ပြီး ၎င်း DFTP အစီအစဉ်အရ အခွန်သက်သာကင်းလွတ်ခွင့် CO Form လျှောက်ထားနိုင်ကြောင်းကို ကုန်သည်လုပ်ငန်းရှင်များသိရှိရန် တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တင်ပြရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

   တစ်ဖက်နိုင်ငံမှ တစ်ဖက်သတ်ပေးအပ်ထားသော အကောက်ခွန်သက်သာကင်းလွတ်ခွင့် DFTP အစီအစဉ်အရ CO Form လျှောက်ထားခြင်းနှင့်ပတ်သက်၍ မိမိဘက် ကုန် သည်များက အကောက်ခွန်သက်သာအောင်ပြုလုပ်လိုသော်လည်း တစ်ဖက်နိုင်ငံကုန်သည်မှမလုပ်ပေးပါကဘာမှလုပ်၍မရကြောင်း၊မိမိဘက်ကုန်သည်များမှ တစ်ဖက်ကုန်သည် များထံ အကြွေးရောင်းနေရသဖြင့် ယခုအချိန်အထိ အကြွေးမကြသေးဘဲ မိမိအပါအဝင်အချို့လည်း ရူပီးသိန်း  ၁၀၀ ခန့်အထိပေးထားပြီး ကုန်သွယ်မှုဖြစ်မြောက်အောင်လုပ်နေ ရကြောင်းကို ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးလှမောင်ကဖြည့်စွက်ဆွေးနွေးတင်ပြသွားတယ်လို့သိရပါတယ်။

ခင်မိုးသူ MIRT (DCCA)