ကိုရီးယားသမ္မတနိုင်ငံရှိ ဦးဆောင်ကုမ္ပဏီကြီး၃၀ ခုက ကာလရှည်စီးပွားရေးဆုတ်ယုတ်မှာကိုစိုးရိမ်နေ

   ကိုရီးယားသမ္မတနိုင်ငံရှိ ဦးဆောင်ကုမ္ပဏီကြီး ၁၀ ခုအနက်မှ ၈ ခုသည် ကိုရီးယားစီးပွားရေးအခြေအနေဆုတ်ယုတ်မှု (recession) သို့ဦးတည်နေသည်ကို ကြောက်ရွံ့ လျှက်ရှိသည်ဟုထုတ်ဖော်ပြောကြားခဲ့ကြသည်။ ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီး ၃၀ ခု၏ ၂၀၁၅ ခုနှစ် စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းသုံးသပ်ချက်များအပေါ် ဆာဗေးလ် တစ်ခုပြုလုပ်ခဲ့သည့် Federation of Korean Industries က ၎င်း၏ဆန်းစစ်ချက်အ‌ဖြေအား ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီကြီး ၃၀ ခုအနက် ၂၄ ခုက ကာလရှည် စီးပွားရေးဆုတ်ကပ်ကိုရောက်သွားမည်ကိုစိုးရိမ်နေကြပြီး၊ ကျန်ကုမ္ပဏီများက ကိုရီးယားစီးပွားရေးအခြေအနေ ယခုကဲ့သို့ယိမ်းယိုင်နေခြင်းမှာ ယာယီသာဖြစ်နိုင်ကြောင်းပြော ဆိုခဲ့ကြသည်။

   ကုမ္ပဏီ (၃၀) အနက် ၁၆ ခုက ယခု စီးပွားရေးအခြေအနေသည် ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ငွေရေးကြေးရေးပြဿ   ာနာဖြစ်ပွားခဲ့သည့်ကာလထက်ပင် ပိုမိုဆိုးရွားနေသည်ဟုသုံးသပ် ခဲ့ကြပြီး၊ ကုမ္ပဏီ (၅) ခုက ယခုဈေးကွက်အခြေအနေသည် လွန်ခဲ့သည့် ၇ နှစ်က ဈေးကွက်အခြေအနေမျိုးဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ စီးပွားရေးအခြေအနေမည်သည့် အချိန်တွင် ပြန်ကောင်းနိုင်မည်နည်းဆိုသည့် မေးခွန်းအပေါ်တွင်မူ ကုမ္ပဏီ (၁၃) ခုက ၂၀၁၇ ခုနှစ်ခန့်တွင်မှပြန်ကောင်းနိုင်မည်ဟု ဖြေကြားပြီး၊ ၁၂ ခုက နောင်နှစ် တွင် ပြန်ကောင်းနိုင်ကြောင်း ဖြေကြားခဲ့ကြသည်။

ကိုးကားချက် - chosun Ilbo