အမေရိကန်နိုင်ငံ မန်ဟက်တန်ရပ်ကွက်ရှိ အိမ်ခန်းဈေးနှုန်းများ စံချိန်တင်မြင့်တက်
၂၀၁၄ ခုနှစ်အတွင်း၌ အမေရိ ကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်ရှိ အိမ်ခန်းဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁ ဒသမ ၇၂ သန်းသို့ မြင့်တက်ခဲ့ပါ သည်။ ယခုအခါ ဝယ်လိုအား မြင့်မားနေသော်လည်း ရောင်းလိုအားမှာမူ လျော့နည်းလျက်ရှိကြောင်း၊ Douglas Elliman and Miller Samuel Real Estate Appraisers ၏ အစီရင်ခံ စာ အရ ၂၀၀၈ ခုနှစ်၌ ဖြစ် ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်းသည် ဒေါ်လာ ၁ ဒသမ ၅၉၁ သန်းဖြစ်ကြောင်း သိရှိရပါသည်။
ချမ်းသာကြွယ်ဝသူများအနေဖြင့် ကမ္ဘာ့ထိပ်တန်းဈေးကွက်တွင် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုကြသဖြင့် ယခုကဲ့သို့ နယူးယောက်တွင် အဆင့်မြင့်အိမ်ခန်းများဈေးနှုန်းမြင့်တက်နေမှုသည် အိမ်ခြံမြေကဏ္ဍ အခြေအနေတိုးတက်နေကြောင်းကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်ပါသည်။ နယူးယောက်အိမ်ခြံမြေဈေးကွက်မှ ကွန်ဒိုအခန်းအသစ်များကို ပြည်ပမှဝယ်ယူသူ များက ကြိုက်နှစ်သက်သဖြင့် ဝယ်လိုအားမြင့်မားနေခြင်းဖြစ်ပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့