ထိုင်းကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်း

  လောင်စာဆီဈေးနှုန်းတွေကျဆင်းပြီးနောက်စားသုံးသူတွေဆက်ဆံရာမှာ တရားမျှတမှုရှိစေဖို့အတွက် ဆောက်လုပ်ရေးနဲ့တခြားအခြေခံကုန်ပစ္စည်းတွေရဲ့လက်လီဈေးနှုန်းတွေ ကို ၂ ရာခိုင်နှုန်း ကနေ ၇ ဒသမ ၇ ရာခိုင်နှုန်းအထိအဆင့်ဆင့်လျှော့ချပေးခဲ့ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဌာနရဲ့ပြောကြားချက်ကို နေရှင်းသတင်း မှာ ဖော်ပြခဲ့ပါတယ်။

   ပထမဦးစားပေးအဖြစ်လျှော့ချပေးတဲ့ ပစ္စည်း ငါးမျိုးမှာ ချောဆီက ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ ပလတ်စတစ်စေ့က ၃ ဒသမ ၈၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၇ ရာခိုင်နှုန်း၊  ဘိလပ်မြေက ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ကီလိုဝင် တစ်အိတ်ကို ၂ ဘတ် သို့မဟုတ် ၄ ဘတ်၊ အိမ်မိုးပြား ၅ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်း သို့မဟုတ် တစ်ချပ်ကို ၃ ဘတ်မှ ၄ ဘတ်နဲ့ စတီး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း သို့မဟုတ် တစ်တန်ကို  ဘတ် ၁၀၀၀ သို့မဟုတ် ဘတ် ၁၅၀၀ တို့ဖြစ်ပါတယ်။

   သယ်ယူပို့ဆောင်ရေးနဲ့ရေနံဓာတုဘေးထွက်ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုနဲ့ ရေနံဈေးနှုန်းကျဆင်းမှုတို့ ဆက်နွယ်မှုရှိနေတဲ့အတွက် ဒီပစ္စည်းတွေအပေါ်မှာ မှီခိုမှုရှိနေတဲ့ တချို့ ထုတ်ကုန်တွေက လျှော့ချမယ့်ထဲမှာ ပထမဆုံးနေရာကရှိနေကြောင်း၊ ကုန်သွယ်မှုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဘွန်းယာ ရစ်ကာလာယာနာမစ်က ဇန်နဝါရီ ၁၉ ရက်က ပြောပါ တယ်။ ဒါပေမယ့် ဒီဇယ်နဲ့ ဆက်စပ်မှုမရှိတဲ့ ပစ္စည်းတွေနဲ့ ဒီဇယ်ဈေးနှုန်း  ကျဆင်းမှုရဲ့ အကျိုး သက်ရောက်မှုနည်းတဲ့ ပစ္စည်းတွေရဲ့ လက်လီဈေးတွေကတော့ လျော့ကျနိုင်မှာ မဟုတ်ပါဘူး။ သို့မဟုတ် အနည်းငယ်သာလျော့ကျနိုင်မှာဖြစ်ပါတယ်။ ဒီဇယ်ဈေးနှုန်းကျဆင်းမှုကြောင့် ရိုက်ခတ်လာမယ့် ဂယက်ကအမျိုးမျိုးရှိနိုင်တဲ့အတွက် ကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါမှာ ကုန်ကျစရိတ်ကလည်း အမျိုး မျိုးရှိနိုင်ပါတယ်။ ဒီဇယ်ဈေးနှုန်းတစ်လီတာကို ၄ ဒသမ ၅ ဘတ် ကျဆင်းရင် ပျမ်းမျှခြင်းအားဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှု စရိတ်မှာ သုည ဒသမ ၀၁ မှ ၁ ဒသမ ၀၄ ပြားထိ ကုန်ကျစရိတ်သက်သာနိုင်ပါတယ်။

   လေးလံတဲ့ ကုန်ပစ္စည်းတွေက သယ်ယူပို့ဆောင်ရေးစရိတ်သက်သာတဲ့ အကျိုးကိုပိုမိုခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းလျော်ရည်၊ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်လို  လူသုံးကုန် ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုစရိတ်က သုည ဒသမ ၀၆ ပြားကနေ သုည ဒသမ ၁၃ ပြားအထိ က်သာနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ သိသိသာသာပြောင်းလဲမှုမရှိနိုင် ပါဘူး။ ဥပမာအားဖြင့် ဝက်သားဈေး နှုန်းက သုည ဒသမ ၀၈ ရာခိုင်နှုန်း၊ ကြက်ဥက သုည ဒသမ ၁၄ ရာခိုင်နှုန်းနဲ့ ကြက်သားဈေးက သုည ဒသမ ၁၇ ရာခိုင်နှုန်းသာ   ကျဆင်းနိုင်ပါတယ်။ ဒီဇယ်ဈေးနှုန်းကျဆင်းမှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမယ့် တခြားထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုပြင် ဆင်ရေးအတွက် ဌာနက ထုတ်လုပ်သူတွေ၊ လက်လီရောင်းချသူတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်။

ဉာဏ်တင်