တောင်အာဖရိကနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများဖြစ်ပွား လူပေါင်း ၂၆၀ကျော်သေဆုံး

  တောင်အာဖရိကနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူဦးရေလည်း ထပ်မံတိုး လာနိုင်ကြောင်းဖြင့် ဒေသဆိုင်ရာသတင်းများက ဖော်ပြထားသည်။

  အဆိုပါ  အပူပိုင်းမုန်တိုင်းကြောင့် တောင် အာဖရိကနိုင်ငံများဖြစ်သည့်  မိုဇမ်ဘစ်နိုင်ငံနှင့် မာလာဝီနိုင်ငံတို့တွင် လူပေါင်း ၂၀၀ နီးပါးခန့်သေဆုံးခဲ့ရကြောင်း၊ အိမ်ထောင် စုပေါင်း ၂၃၆၀၀၀ မှာ အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ရကြောင်းဖြင့် အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

   ''အာဖရိကနိုင်ငံတွေရဲ့ မုတ်သုံရာသီ အစ မှာပဲ မုန်တိုင်းဖြစ်ပေါ်ခဲ့တာပါ။ အပူူပိုင်းမုန်တိုင်း ချက်ဇ်ဒါဟာ မိုဇမ်ဘစ်နဲ့  မဒါဂါစကာနိုင်ငံကြားထဲမှာ ဖြစ်ပေါ်ခဲ့ပြီး ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။ အဲဒီမုန်တိုင်းကြောင့် မိုဇမ်ဘစ်နဲ့မာလာ ဝီနိုင်ငံမှာရှိတဲ့ပြည်သူတွေဟာ မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရပါတယ်''ဟု weather.com မှ မိုးလေဝသပညာရှင် ခရစ္စဒိုလက်စ်က ပြောကြားခဲ့သည်။

   မဒါဂါစကာနိုင်ငံ၏   မြို့တော်တစ်ခုဖြစ်သည့် အန်တန်နာရီဗိုမြို့တွင် ရေလွှမ်းမိုးမှုမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူပေါင်းသုံးသောင်းကျော်ခန့်မှာ ရေဘေးဒုက္ခသည်များဖြစ်ခဲ့ ကြကြောင်း မြို့ တော်မှတာဝန်ရှိသူများကပြောကြားခဲ့သည်။

   မဒါဂါစကာအစိုးရက ရေဘေးဒုက္ခသည် များအား စာသင်ကျောင်းများတွင် ရေဘေးဒုက္ခ သည်စခန်းများဖွင့်လှစ်၍ ထားရှိပေးခဲ့သည်။

  မာလာဝီသမ္မတပီတာမူသာရီကာက အဆိုပါ ရေလွှမ်းမိုးမှုသည် အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုဖြစ်ကြောင်းပြောကြားသည်။ မာလာဝိ ဒုတိယသမ္မတ ဆောလိုချီလီမာက အဆိုပါရေဘေးဒုက္ခ သည်များအတွက်   လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၃၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း မီဒီယာများ သို့ပြောကြားခဲ့သည်။

  ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ကလည်း မိုဇမ်ဘစ်နိုင်ငံတွင် ရေကြီးနစ်မြုပ်မှုနှင့်မြေပြိုကျမှုများကြောင့် ပျောက်ဆုံးသွားခဲ့ရ သည့်ဒေသခံများအား ကူညီရှာဖွေပေးလျက်ရှိကြောင်း သတင်းများကဖော်ပြထားသည်။

မယ်သီတာ