တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်တီထွင်ထားသော လေယာဉ် C919 ကို ပို့ဆောင်ခြင်း

     C919 သည် တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ တီထွင်ထုတ်လုပ်ထားသော ခရီးသည်တင်ဂျက်လေယာဉ်ဖြစ်ပြီး ရှန်ဟိုင်းရှိ China Eastern Airlines ထံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် စတင်မောင်းနှင်ပျံသန်းနိုင် မည်ဟုမျှော်လင့်ရပါသည်။

     ရှန်ဟိုင်း၊ Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် C919 ၏ထုတ်လုပ်သူ Commercial Aircraft of China ကုမ္ပဏီမှ  လေယာဉ်အရောင်းစာချုပ်နှင့် အထိမ်းအမှတ်သော့ကို China Eastern Airlines သို့ ပေးအပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစီမံခန့်ခွဲရေးမှ လေယာဉ်အတွက် အသိအမှတ်ပြုလက်မှတ်ကို လေကြောင်းလိုင်းအား ထုတ်ပေးခဲ့ပါသည်။

     ကမ္ဘာတစ်ဝှမ်းတွင် ပထမဆုံးသော မော်ဒယ်အနေဖြင့် China Eastern Airlines သည် လေယာဉ်၏ မောင်းနှင်ပျံသန်းရာတွင် ဘေးကင်းလုံခြုံမှု၊ ပြုပြင်ထိန်းသိမ်းရာတွင် ယုံကြည်စိတ်ချ ရမှုနှင့် အမျိုးမျိုးသော လည်ပတ်မှုဆိုင်ရာစွမ်းရည်တို့ကို စစ်ဆေးအတည်ပြုရန် နာရီပေါင်း ၁၀၀ ကျော် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။

 

China Eastern အမှတ်တံဆိပ်ဖြင့် C919 သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရှန်ဟိုင်းမြို့ ရှိ ရှန်ဟိုင်း၊ Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်။

Source- china Daily/9-12-2022