ဥရောပယူနီယံမှ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများသို့ တစ်ဖက်သတ်အခွင့်အရေးပေးသည့် အစီအစဉ် ( Generalized System of Preferences-GSP) အားပြန်လည်ပြင်ဆင် မည့်ကိစ္စအပေါ် ဘုံသဘောတူညီချက်မရသေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

   ဥရောပယူနီယံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ တစ်ဖက်သတ်အခွင့်အရေးပေးသည့်အစီအစဉ် (Generalized System of Preferences-GSP)  အားပြင်ဆင်ခြင်း ( ဥပမာ-သက်တမ်းတိုးခြင်း ) နှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ တင်သွင်းလာသည့် ဆန်အပေါ် အလို အလျောက်အကာအကွယ်ပေးမှု အစီအမံ (Automatic Safeguard Mechanism)ကို စတင်ကျင့်သုံးမည့်ကိစ္စများကို ဆောင်ရွက်ရန် ဥရောပယူနီယံအဖွဲ့ဝင်များအကြား ဘုံသဘောတူညီချက်မရနိုင်သေးကြောင်းကို အီတလီနိုင်ငံ၏ စိုက်ပျိုးရေး၊ အစားအသောက်နှင့် သစ်တော ရေးရာဝန်ကြီးဌာနအောက်ရှိ အမျိုးသားဆန်စပါးအသင်းချုပ် မှပြောကြားလိုက်ပါသည်။

   ဥရောပယူနီယံမှ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသောနိုင်ငံများသို့ တစ်ဖက်သတ်အခွင့်အရေးပေး သည့် အစီအစဉ် ( GSP) သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယင်းအစီအစဉ်အား ပြန်လည်ပြင်ဆင်ခြင်း (ဥပမာ-ဥရောပယူနီယံမှ စီးပွားရေး ဖွံ့ဖြိုးမှုအားနည်းသောနိုင်ငံများသို့ တစ်ဖက်သတ်အခွင့်အရေးပေးသည့် အစီအစဉ်(GSP)  အား ၂၀၂၄ ခုနှစ်အထိ တိုးမြှင့်ခြင်း)နှင့်အတူ တစ်ဖက်သတ်အခွင့်အရေးပေးထားသည့် နိုင်ငံများမှ ဥရောပယူနီယံအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တင်သွင်းသည့် ပမာဏနှင့် ယင်းစျေးနှုန်းများ သည် အဖွဲ့ဝင်နိုင်ငံများရှိ ဆန်ထုတ် လုပ်သူများအား ခြိမ်းခြောက်မှုဖြစ်လာပါက ယင်းထုတ်လုပ်သူများအား အကာ အကွယ်ပေးမည့် စနစ်ကိုပါ တစ်ပါတည်းပြဌာန်းစေလိုကြောင်း အီတလီနိုင်ငံအပါအဝင် ဥရောပယူနီယံအဖွဲ့ဝင် နိုင်ငံ အချို့မှ အဆိုပြုချက်တင်သွင်းသည့်ကိစ္စ ဖြစ်သည်။ ဤ GSP အစီအစဉ်အား သက်တမ်းတိုးမြှင့်ခြင်း ကိစ္စမှာ လက်ရှိနိုင်ငံရေးအမြင်တွင် အဓိကကျသည့်ဖြေရှင်းမှုမဟုတ်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများမှ တင်သွင်းလာသည့်ဆန်အပေါ် အလိုအလျောက် အကာအကွယ် ပေးမှုအစီအမံ (Automatic Safeguard Mechanism)ကို စတင်ကျင့်သုံးမည့်ကိစ္စသည်သာလျှင် အဓိကအရေးပါကြောင်းကို အီတလီနိုင်ငံ၏ စိုက်ပျိုးရေး၊ အစားအသောက်နှင့် သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ အမျိုးသားဆန်စပါးအသင်းချုပ်မှ ထပ်မံပြောကြားကြောင်းသိရသည်။

ရင်းမြစ်-markets.agriculturetrade.eurpoe.rice