အာရှ အကျပ်အတည်းသင်ခန်းစာ၊ ဝါရှင်တန်ကုထုံးနှင့် ဇာတ်နာ

အာရှအံ့ဖွယ်က  အနောက်တိုင်းအတွက်  မနာလိုစရာ  ဖြစ်ခဲ့ ဟန်တူသည်။ အနောက်တိုင်းဆိုသည်မှာ  ဒုတိယကမ္ဘာစစ်အပြီး ဥရောပနေရာကို ဝင်ယူလိုက်သော အမေရိကန်ကို ရည်ညွန်းပါသည်။ အာရှနည်း အာရှဟန် ဒီမိုကရေစီ၊ အာရှဟန် စီးပွားရေးတိုးတက်မှုမော်ဒယ်များက  ၁၉၉၀  ပြည့်နှစ်ကာလများထိ  ကမ္ဘာကို စီးပွားရေး တိုးတက်မှုမော်ဒယ် ခေါင်းလောင်းတီးလိုက်သောအခါ(အလမ့် )အရာရာ ဦးဆောင်ရမည် ဆိုသည့်  အနောက်ဟာ (အထူးသဖြင့် အမေရိကန်) မျက်စိစပါးမွေးစူးလာဟန်တူသည်။  အမေရိကန် ပညာရေး၊ အမေရိကန်ဒီမိုကရေစီ၊ အမေရိကန်လစ်ဘရယ်အယူအဆ၊ အမေရိကန်လူမှုတန်ဖိုး၊အမေရိကန်ရဲ့ စီပွားရေးတိုးတက်မှုမော်ဒယ်၊ ယဉ်ကျေးမှု၊အမေရိကန်အစိုးရ၊ အမေရိကန်ရွေးကောက်ပွဲ၊ အမေရိ ကန်၏ ဘဏ္ဍရေးပံ့ပိုးမှု၊ အမေရိကန် အင်စတီကျူးရှင်းများကသာ ကမ္ဘာတွင်  နေရယူရမည်။ တစ်ဦးတည်း မောင်ပိုင်စီးရမည်ဟု သတ်မှတ်ထားကြဟန်တူသည်။ မငြင်းပါ။ အာရှသည် အမေရိကန် ဆီမှ များစွာသင်ယူရပါဦးမည်။ သို့သော် အာရှအံ့ဖွယ်အား ဦးချိုးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခြင်းရှိခဲ့သလားဆိုသည့် အချက်ကို တွေးဆခြင်းဖြင့် သီအီုရီအသစ် ထုတ်ခြင်မိပါတော့သည်။

ဦးချိုးခြင်း

အာရှအံ့ဖွယ်ကို ဦးချိုးရန် စတင်လာသည့် အယူအဆမှ ဝါရှင် တန် သဘောတူညီချက်က  စတင်သည်ဟု ဆိုချင်ပါသည်။ ၁၉၇၀ ခုနှစ်များမှ ၁၉၉၀ နောက်ပိုင်းနှစ်များအထိ အာရှနိုင်ငံများ၏ ဂျီဒီပီ သည် ၇ ရာခိုင်နှုန်းနှင့်အထက် တရိပ်ရိပ် တိုးတက်လျက်ရှိသည်။ ပျံသန်းနေသောဗျိုင်းများ   (Flying Gueese ) ပုံစံဖြင့် အာရှတွင် ဂျပန်ဦးဆောင်ကာ  လက်ဆင့်ကမ်းတိုးတက်မှုပုံစံအမွေဆက်ခံခဲ့ပါသည်။ အပျော့ထည် ထုတ်ကုန်များ၊ လုပ်သားများများသုံးရသည့် စက်မှုကဏ္ဍမှ ပို့ကုန်ဦးစားပေးစနစ်ဖန်တီး၊ ပို့ကုန် နိုင်ငံခြားငွေ၏ပြန်လည်ရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ပထမဦးစား ပေး စနစ်သုံးခုဖြင့် မှန်မှန်တိုးတက်ခဲ့ကာ အခြားနိုင်ငံများအတွက် ဖွံ့ဖြိုးမှုမော်ဒယ်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ တညီတညွတ် တည်း မှတ်ချက်ပြုခဲ့ကြသည်။ အထူးသဖြင့် အာရှကျားများ  အဆိုပါ မော်ဒယ်က ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖွံ့ဖြိုး တိုးတက်မှုဆီသို့ တက် လှမ်းခဲ့ကြခြင်းဖြစ်သည်။

ထိုကာလအားလုံး  အနောက်ကမ္ဘာသည် ကွန်မြူနစ်ရုရှားနှင့် အယူအဆရေးရာ အားပြိုင်မှု၊ ဗီယက်နမ်စစ်ပွဲ၊ ဥရောပ စစ်အေး တိုက်ပွဲမီးပွားများ၊ အာရပ်ကမ္ဘာပဋိပက္ခ ဖန်တီးမီးမွှေးခြင်း အတတ် ပညာ၊ စစ်တပ်အာဏာသိမ်း လက်တင်နိုင်ငံများအား သွယ်ဝိုက် ထောက်ခံခြင်း၊ မူဘာရတ်၊ ဆတ်ဒန်ဟူစိန်၊ မားကို့စ်၊ ဆူဟာတို စတဲ့ ကွန်မြူနစ်ဆန့်ကျင်သူအာဏာရှင်များကို ကတိုက်ကရိုက်ထောက်ပံ့ စပွန်ဆာပေးခြင်း စသည့် နိုင်ငံတကာ အခင်းအကျင်းများနှင့်  ပတ် လည်ရိုက်နေသည့်အချိန်ဖြစ်သည်။ ၁၉၈၀ နောက်ပိုင်း  စီးပွားရေး အကျပ်အတည်းများကား  အမေရိကန်၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး စီးပွားရေးဘက်ပြန်လည့်လာသောအခါ အာရှအံ့ဖွယ်မော်ဒယ်က နေရာယူထားပေပြီ။

ထို့ကြောင့်  အမေရိကန် စပွန်ဆာပေးထားသည့် အိုင်အမ် အက်ဖ်၊ ကမ္ဘာ့ဘဏ်တို့  ကမကထပြုကာ ဝါရှင်တန် သဘောတူညီချက် ဖြင့် စီးပွားရေးမော်ဒယ်သစ်ဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံတို့အပေါ် အဖွင့်ကစား ရပြန်တော့သည်။ ဘောဂဗေဒ တွင် ချီကာဂိုတက္ကသိုလ် ပါမောက္ခ မီတန်ဖရိုင်းမင်းနှင့် ဖရွိက်တို့က ဦးဆောင်သည့် ဈေးကွက်လွတ်လပ် မှုလွတ်လပ်ခွင့်ရှိရေး ဂိုဏ်းက စီးပွားရေးကို ဦးဆောင်ခဲ့သည်။ အမေ ရိကန်သမ္မတရီဂင်နှင့်  ဗြိတိသျှဝန်ကြီးချုပ်  မာဂရက် သက်ချာ ဦးဆောင်သည့် ရီဂင်သက်ချာနီယွန်ကွန်ဂိုဏ်းသားများက အစိုးရ၏ ဈေးကွက်လုပ်ငန်းများ လျှော့ချ၊ ဈေးကွက်လွတ်လပ်ခွင့်ပေး၊ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း စသည့် နိုင်ငံရေးလမ်းကြောင်းများဖြင့် တတိယ ကမ္ဘာ့နိုင်ငံများကို ဆွဲဆောင်ပြသည်။

နိုင်ငံတကာ အင်စတီကျူးရှင်းများ နောက်ခံပြုကာ တတိယ ကမ္ဘာ့နိုင်ငံများသို့ အဆိုပါနီယိုကွန်အယူအဆကို တင်ပို့ရန် ၁၉၈၆ ဝါရှင်တန်သဘောတူညီချက် ၁၂ချက်ဖြင့်  စည်းရုံးရေး စတင်သည်။ နိုင်ငံတကာ အင်စတီကျူးရှင်းဆို သည် မှာ အမေရိကသြဇာမကင်း သည့် အိုင်အမ်အက်ဖ်နှင့် ကမ္ဘာ့ဘဏ်ဖြစ်သည်။ အဆိုပါ ၁၂ချက်၏ အနှစ်ချုပ်ကား နိုင်ငံအားလုံး၏ ဈေးကွက် အပြည့်အဝ ဖွင့်ပေးရေး၊ ဈေးကွက်တွင် အစိုးရ လုံးဝနီးပါး ဝင်ရောက်မစွက်ဖက်ရေး၊ နိုင်ငံတကာငွေကြေး စီးဆင်းမှု  လုံးဝနီးပါးလွတ်လပ်ခွင့်ရရှိရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးရေစီးကြောင်း အတားအဆီးကင်းမဲ့ရေးတို့ ဖြစ်သည်။ ဆိုရလျှင် ရီဂင်သက်ချာဂိုဏ်းအယူအဆကို တတိယနိုင်ငံများအားလုံး လက်ခံနိုင်ရန်  နိုင်ငံတကာ  အင်စတီကျူးရှင်းက မျိုးပွား (ဂလုံး) လုပ်လိုက်ခြင်းပင်ဖြစ်သည်။

အာရှပျက်စီးကိန်း

ထိုသဘောတူညီချက်ဖြင့် အာရှအံ့ဖွယ်နိုင်ငံများ အပေါ် ငွေကြေးကဏ္ဍ သူလျှိုလုပ်ရင်း ၁၉၉၇ ခုနှစ် အာရှစီးပွားရေးအငိုက် မိသွားတော့သည်။  စီးပွားရေးပျက်လေတော့သည်။  အနောက်က ကင်းပွန်းတပ်သည်မှာ အာရှပျက်ကပ် သည် အဂတိလိုက်စားမှု၊ ကိုယ့်လူကို နေရာပေးမှု၊ ပြန်မဆပ်နိုင်သည့် လုပ်ငန်းများအပေါ် အလွန်အကျွံ ငွေချေးမှုနှင့် အလွန်အကျွံ အိမ်ရာဈေးကွက်ပူဖောင်း ပေါက်ခြင်းကြောင့်ဟုယိုးမယ်ဖွဲ့ပါသည်။အမှန်တကယ်က အနောက် ၏ ပုဂ္ဂလိကငွေကြေးအရင်းအနှီးများ ဒလဟော ဝင်ရောက်လာခြင်း ကို ဦးစွာ သတိမထားမိခြင်းကြောင့်သာ ဖြစ်သည်။ အာရှ၏ ဆောက် လုပ်ရေးလုပ်ငန်းများ၊ ပရောဂျက်ကြီးများ၊အိမ်ရာစီမံကိန်းကြီးများအတွက် အတိုးနှုန်းနည်းသော အနောက်မှ  အြွေကးယူခြင်းဖြင့် လည်းကောင်း၊ အစုရှယ်ယာ၊ ဘွန်းများ  ရောင်းချခြင်းဖြင့်လည်း ကောင်း  ြွေကးဝန်ပိခြင်းမှ  စတင်သည်ဟု ဆိုရမည်ဖြစ်သည်။ အနောက်၏ စီးပွားရေးမူဝါဒကျောရိုးဖြစ်သည့်  ဈေးကွက်တံခါး ဖွင့်ရေး၊ ဈေးကွက် လွတ်လပ်ခွင့်ပြုရေးဆိုသည့် ဝါရှင်တန်သဘော တူညီချက်ကြီးအား  အာရှမှ လက်ခံထားရသောကြောင့် ဖြစ်မည် ထင်သည်။

ဝါရှင်တန် သဘောတူညီချက်ကြောင့် အလွန်အကျွံတံခါးဖွင့်ပေးလိုက်ရသောအခါ အနောက်၏ ဘဏ္ဍာရေး၊ ငွေကြေးလှိုင်းလုံးကြီး များအောက်၊ ဂျော့ဆိုးရော့ကဲ့သို့ ငွေမုဆိုးများ၏ ငွေကြေး လက်လျှို ကစားခဲ့သည်ကိုတော့  အနောက် က ခပ်ပေါ့ပေါ့   မှတ်ချက်ပေးကြ သည်။   အနောက် ဘောဂဗေဒ ဂုရုအကြံပေးမှု၏ အကျိုးဆက်ကား ဆယ်စုနှစ်တစ်ခုအကြာတွင် ၁၉၉၇ ခုနှစ် ဇွန်လတွင်  ထိုင်းငွေတန်ဖိုး ထိုးကျဆင်းသွားတော့သည်။  ထိုင်းကုန်စည်တွေ  တင်ပို့မှု  အား ကောင်းမည်ဟုဆိုသော်လည်း ထိုင်းကုန်စည်နဲ့အပြိုင် မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် ကုန်စည်တွေဈေးမြင့်ကျန်ရစ်ခဲ့သည်။ ထိုအခါ အားကျမခံ မလေး၊အင်ဒို၊ဖိလစ်ပိုင်ကုန်စည်များ ရောင်းလိုအား ကျမှုကို ကယ်တင်ရန် ၎င်း တို့ ငွေတန်ဖိုးများချ၊ ဒီလိုနဲ့ ငွေတန်ဖိုးများ သူချကိုယ်ချ ချပစ်ရာမှာ  အဆိုပါနိုင်ငံများတွင်  ရင်းနှီးမြှုပ်နှံထားသည့် ပုဂ္ဂလိက အနောက်ဘဏ္ဍာရေး  အရှုံးပေါ်နိုင်သည့် အရိပ်အရောင် သန်းလာတော့သည်။

ထိုအခါ ပါးနပ်သောပုဂ္ဂလိက အနောက်ဘဏ္ဍာရေး ရင်းနှီး မြှုပ်နှံသူများ၏ ပေါ့ဖော်လီယိုများအား ငွေတန်ဖိုးချမည်ကို မစောင့် ဘဲ ထိုးရောင်းတော့သည်။ ပုဂ္ဂလိက အနောက်ပေါ့ဖော်လီယိုများ ထိုးရောင်းသဖြင့် မလေး၊အင်ဒို၊ဖိလစ်ပိုင် ငွေတန်ဖိုး ထပ်မံ ကျပြန် သည်။ထိုမှတစ်ဆင့် အခြား အာရှနိုင်ငံများကို ကူးစက်ကုန်ပြီး ဘဏ္ဍာ ရေးအကျပ်အတည်း ထိုးဆိုက်တော့လေသည်။  အာရှပျက်ကပ် အားကယ်တင်ရန် အကြောင်းပြချက်ဖြင့် ဝင်လာသော အမေရိကန် စပွန် ဆာ အိုင်အမ်အက်ဖ်ကလည်း အာရှတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံထားသော  အနောက်ဘဏ္ဍာရေး စီးပွားရေးသမားများ၏ စတော့ရှယ်ယာ၊ ဘဏ်ချေးငွေ၊ အရင်းအနှီး စသည့် ပေါ့ဖော်လီယို များအား ကယ်ထုတ်ရန် ဘငေူ သကအ အစီအစဉ်ဖြင့် မျက်လှည့်ပြသွား သည်။ ဆိုရလျှင် ဒဏ်သင့် အာရှနိုင်ငံများအား တစ်ဖက်လှည့်ကုစား ရင်း အနောက်ပုဂ္ဂလိကဘဏ္ဍာရေးအရင်းအနှီးများအား ကယ်ထုတ် သွားသည့် အစီအစဉ်သာဖြစ်သည်။

အိုင်အမ် အက်ဖ်က   အာရှအစိုးရ    ငွေချေးပြီး  ပုဂ္ဂလိက အနောက် ပေါ့ဖိုလီယိုများ ဝယ်ပေးရန် တစ်ဖက်လှည့်ဖြင့် ဆောင်ရွက် သွားသည်။ အကြံအိုက်နေသော  အာရှအစိုးရများကလည်း  ငွေကြေး ဂယက်ကြောင့် စီးပွားရေးပြို လဲသွားမည်ကို စိုးရိမ်ကာ အိုင်အမ်အက်ဖ် အတိုင်း လိုက်လုပ်တော့သည်။  အိုင်အမ်အက်ဖ် ငွေကြေးများဖြင့် အနောက်၏ပုဂ္ဂလိက  ငွေကြေးအရင်းအနှီးများ အနောက်ကို ပြန် ရောက်သွားတော့မှ အိုင်အမ်အက်ဖ် ဆေးခါးကြီး ဖြစ် ကြောင်း  ပြောစ မှတ်တွင်သွားတော့သည်။ ထိုအခါကြမှ အာရှအံ့ဖွယ်အား ဝါရှင်တန် သူလျှိုဂိုဏ်းက စနစ်တကျ ပုံဖျက်ခဲ့သည့် အာရှမှ မဟာသီက စတင် သတိထားမိတော့သည်။

အရှင်းလင်းဆုံးပြောရလျှင်  အိုင်အမ်အက်ဖ်၏ ငွေကြေးခုခံမှု အစီအစဉ်မှာ  အကျပ်အတည်းဖြစ်နေသည့်  အာရှနိုင်ငံများရှိ အနောက်၏ ပုဂ္ဂလိကဘဏ္ဍာရေးအရင်းအနှီးများ(သို့) အနောက်၏ ပေါ့ဖော်လီယို များအား တစ်ဖက် လှည့် နှင့်  ကယ်ထုတ်ရန် ကျားကန် ပေးခြင်းဖြစ်သည်ဟု နောက်ပိုင်းမှသိရတော့သည်။

ဇာတ်နာ

ဘဏ္ဍာရေးလွတ်လပ်မှု၊ကုန်သွယ်ရေးလွတ်လပ်မှု၊ စတော့ ရှယ်ယာ၊ ဘွန်းငွေကြေးအရင်းအနှီး လွတ်လပ်မှု၊  စည်းမျဉ်းစည်းကမ်း များ ထိန်းကျောင်းမှုမှ  လွတ်လပ်မှု  စသည်ဖြင့် လွတ်လပ်မှုကို ဇာတ်သွင်းခဲ့ကြသည့် အနောက်၏ ဝါရှင်တန် သဘောတူညီချက် သွင်းကုန်သည် အာရှအတွက် သင်ခန်းစာကောင်းကောင်းရခဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ အနောက်နိုင်ငံများက တတိယ ကမ္ဘာ့ နိုင်ငံများအား  စီးပွားရေးလွတ်လပ်မှု ဇာတ်သွင်းခဲ့ကြသော်လည်း အမှန်စစ်မှာမူ  အနောက်နိုင်ငံကော်ပိုရေးရှင်းများ၏ အရှုံးအမြတ်၊ ဘဏ္ဍာရေး၊ ငွေကြေးစီးဆင်းမှု၊ စတော့၊ ဘွန်း၊အစုရှယ်ယာ စီးဆင်း မှုကိုကား လွတ်လပ်မှုမရှိ  ပွင့်လင်းမြင်သာမှု ယခုတိုင်မရှိကြသေးပေ။

အနောက်၏  သဘောထားကား  အာရှသည် ရွှံ့နွံများထူထပ် နေသောမြို့ပြလမ်းများ၊  လယ်ယာလုပ်ငန်းတွင်ကျွဲ၊ နွားများဖြင့် ရုန်းကန်နေရခြင်းများ၊  ခိုးဆိုးလုနှိုက် တရားဥပဒေလျော့ရဲမှုများ၊ မိလ္လာစနစ်၊ ရေဆိုးရေညစ်၊ အမှိုက်ပုံ များဖြင့်  ဖုံးလွှားနေသောမြို့ပြ လူနေထိုင်မှုစနစ်များ  စသည့် ယဉ်ကျေးမှုများမှ ရုန်းမထွက်လိုသော ဆန္ဒရှိပုံရပါသည်။ နိဂုံးချုပ်ရလျှင် ဝါရှင်တန်သဘောတူညီချက်ဖြင့် စခဲ့သော သီအိုရီသည် အာရှအကျပ်အတည်းကိုသာ ဖန်တီးခဲ့ ပြီး ထိုအာရှဘဏ္ဍာရေးအကျပ်အတည်းကိုကယ်တင်ရန် အကြောင်းပြ ချက်ဖြင့် အိုင်အမ်အက်ဖ်ကိုမူ နည်းလမ်းများက  ပြည်ပြွေကးမြီများသာအဖတ်တင်ခဲ့သည်။  အာရှသည်  စီးပွားရေးပြန်လည်ကုစားရန် အနောက်မျှော် ဝါဒ  တစ်ဖန်  ပြန်လည်ဖြစ်ထွန်းလာရန်နှင့် အာရှ အံ့ဖွယ်အား ဦးချိုးရန် ရည်ရွယ်ချက်ပြည့်ခဲ့သည်ဟု သုံးသပ်ရမည် ဖြစ်သည်။

သန်းစိုး (ဘောဂဗေဒ)

 

Copyright ©2014 The Commerce Journal. All rights reserved.

Powered by Information Matrix