ထိုင်းနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသရှိ အူးတဖောင်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းဘတ် ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

    ထိုင်းနိုင်ငံအစိုးရက အလေးထား၍ အကောင်အထည် ဖော်လျက်ရှိသည့် အရှေ့ပိုင်းစီးပွားရေးစြင်္ကံဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ  အဓိကအရေးပါလာမည့် အူးတဖောင်လေဆိပ်ကို အဆင့်မြှင့်တင်ရန်အတွက် ထိုင်းဘတ် ၁ ဒသမ ၇ ဘီလီယံကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်းလေဆိပ်များသည် အလွန်အရေးပါ သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကဲ့သို့ပင် အရှေ့ပိုင်း ကမ်းရိုးတန်းဒေသရှိ အရှေ့ပိုင်းစီးပွားရေးစြင်္ကံတွင် အလွန် အရေးပါမည့် အူးတဖောင်လေဆိပ်ကိုလည်း  တိုးချဲ့တည် ဆောက်ရာ၌ လေဆိပ်ခရီးသည် အဆောက်အအုံအသစ် တည်ဆောက်ခြင်းနှင့် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းကို ဦး စားပေးဆောင်ရွက်မည်ဖြစ်ပါသည်။အူးတဖောင်လေဆိပ်  ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပြီး  လေဆိပ်အား အဓိကစီမံခန့်ခွဲမည UAA (Utapao Airport Authority)  ကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါသည်။ အူးတဖောင်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်သော လေယာဉ်ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းရေးဆွဲမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဒုတိယမြောက်   လေယာဉ်ပြေးလမ်းနှင့် ခရီးသည်နားနေဆောင်အသစ် တည်ဆောက်ရေးကို ဆောင် ရွက်လျက်ရှိပါသည်။ ခရီးသည် နားနေဆောင်အသစ်ကို ယခု နှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၁၅ သန်း ကို လက်ခံနိုင်မည်ဖြစ်သည်။ ဒုတိယလေယာဉ် ပြေးလမ်းသည် မီတာ ၃၅၀၀  ရှည်လျားပြီး မီတာ ၆၀ ကျယ်ဝန်း၍ ဘတ် ရှစ် ဘီလီယံကုန်ကျမည်ဖြစ်ပါသည်။အူးတဖောင်လေဆိပ် တွင် လေကြောင်းဆိုင်ရာ  ဝန် ဆောင်မှုလုပ်ငန်းများကိုလည်း ထည့်သွင်းတည်ဆောက်မည် ဖြစ်ရာ အရှေ့ တောင်အာရှဒေသတွင် အချက်အချာကျသော လေဆိပ်တစ်ခုဖြစ်လာသည်အထိ မျှော်မှန်းဆောင်ရွက်လျက် ရှိပါသည်။ အူးတဖောင်လေဆိပ်တွင် အကောင်အထည်ဖော် မည့် လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တည် ဆောက်ခြင်း၌Thai Airway International  သည် ဥရောပလေ ယာဉ်ထုတ်လုပ်သည့် ဗငမ ကြျ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပါသည်။  ထို့ကြောင့်  အူးတဖောင်လေဆိပ်သည် သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ်များနောက်တွင် တတိယ အချက်အချာကျသည့် လေဆိပ်တစ်ခုဖြစ် လာပါမည်။                     

ကျော်သူရ၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့