အိန္ဒိယ သရက်သီးများအတွက် တောင်ကိုရီးယားဈေးကွက်ကို ဖွင့်ပေး

     ပိုးမွှား အန္တရာယ်စစ်ဆေးမှု  (Pest Risk Analysis)ကို ပြုလုပ်ပြီးနောက် သစ်သီး တင်ပို့မှုများကို တောင်ကိုရီး ယားနိုင်ငံက ခွင့်ပြုပေးလိုက်ပြီးနောက် ပိုင်း ယခုနှစ်အတွင်း  တောင်ကိုရီး ယားဈေးကွက်သို့ အိန္ဒိယသရက်သီး တင်ပို့မှု ထူးထူးခြားခြား မြင့်တက်လာ မည် ဖြစ်ကြောင်း ဘိဇနက်စတန်းဒတ် သတင်းတွင် ဖော်ပြသည်။
တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၄၈ သန်းဖိုးရှိ သရက်သီးများ တင်သွင်းခဲ့သည်။ သရက်သီးများကို ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သြစတြေးလျ၊ ပီရူးနှင့် အမေရိကန်ပြည်ထောင်စုတို့မှ အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံမှထွက်သော သရက် သီးများကို အရှေ့အလယ်ပိုင်း၊ အရှေ့ ဖျားဒေသ၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပဒေသတို့တွင် လူကြိုက်များ လျက်ရှိရာ တောင်ကိုရီးယားနိုင်ငံ အတွင်းသို့ အိန္ဒိယသရက်သီးများ ဝင် လာခြင်းအားဖြင့် ယှဉ်ပြိုင်မှုကို မြင့် တက်လာစေနိုင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပသို့ လတ်ဆတ်သော သရက်သီး တင်ပို့မှု သည် ၂၀၁၆ ခုနှစ်က ၁၅ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသဖြင့်   ဈေးကွက် အသစ်တစ်ခု ရလိုက်ခြင်းသည် အိန္ဒိယ နိုင်ငံအတွက် ထူးခြားသော ဖြစ်စဉ် တစ်ခုဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ သရက်သီးတင်ပို့မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ၃၆၃၂၉ တန် ရှိခဲ့ရာမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၄၂၉၉၈ တန်အထိ ရောက်ရှိခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီး အစားအစာ ထုတ်ကုန်ပြည်ပ တင်ပို့မှု ဖွံ့ဖြိုးရေးအဖွဲ့ (Agricultural and Processed Food Products Export Development Authority-Apeda) ၏ မတ်လ ၁၄ ရက်က ထုတ်ပြန်ချက်အရ သိရသည်။ သို့သော်လည်း သရက်သီး ပို့ကုန်တန်ဖိုး အရ ကြည့်ပါက ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၄၉ သန်း ရှိခဲ့ရာမှ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် ၅၀ ဒသမ ၂၆ သန်းရှိခဲ့သည်။ အိန္ဒိယ သရက်သီးကို အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်သွင်းမှုမှာ ပမာဏ အရ ၅၀ ရာခိုင်နှုန်းကျော်နှင့် တန်ဖိုး အားဖြင့် ၆၀ ရာခိုင်နှုန်း ရှိသည်။ အိန္ဒိယ နိုင်ငံမှ သရက်သီးကို ဒုတိယ အများဆုံး တင်သွင်းသော နိုင်ငံမှာ ဗြိတိန်နိုင်ငံ ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ တင်ပို့သော သရက်သီးများကို တင်သွင်းရာတွင် ပြဋ္ဌာန်းထားသော စံနှုန်းသတ်မှတ်ချက် များကို သြစတြေးလျ နိုင်ငံကလည်း ဖြေလျှော့ပေးထားကြောင်း အခြား ကြေညာချက်တစ်စောင်အရ သိရသည်။
သရက်သီးထုတ်လုပ်မှုမှာ ယခင် နှစ်က တန်ချိန် ၁၈ ဒသမ ၆၄ သန်းရှိခဲ့ ရာမှ ယခုနှစ်တွင် တန်ချိန် ၁၉ ဒသမ ၂၂ သန်းရှိမည်ဟု လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီတွင် ထုတ် ပြန်သော ပထမအကြိမ် ကြိုတင်ခန့်မှန်း ချက်အရ သိရသည်။