အိန္ဒိယပဲရက်သတ္တပတ်

ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေ သည့် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ ရောင်းဝယ်မှု အခြေအနေကို ဖော်ပြသော အဂရီဝပ်ချ်၏  Pulses Weekly Reportကို မတ် ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။ အစီရင်ခံစာတွင် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့် ပတ်သက် သည့် အစိုးရ၏ ခန့်မှန်းချက်၊ အိန္ဒိယ ဆိပ်ကမ်း များသို့ ပဲမျိုးစုံကုန်သေတ္တာ ရောက်ရှိမှု စသည့် ကိန်းဂဏန်း များမှာ ယခင်ရက်သတ္တပတ်ကအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။ယခုရက်သတ္တပတ်တွင်မူ အစိုးရ၏ ဝယ်ယူ ဖြည့်တင်းမှုနှင့် ပဲမျိုးစုံဈေးနှုန်း အခြေအနေများ နှင့် သက်ဆိုင်သော ကိန်းဂဏန်းများမှာ အပြောင်း အလဲရှိသည်ကို တွေ့ရသည်။
အစိုးရ၏ ဝယ်ယူဖြည့်တင်းမှု
ယခုနှစ်အတွက် ကြားခံသိုလှောင်မှုအဖြစ် အစိုးရက ပဲမျိုးစုံတန်ချိန် သိန်း ၂၀ ဝယ်ယူ ဖြည့် တင်းရန် စီစဉ်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် မတ် ၈ ရက်အထိ ကောက်ခံရရှိထားသော ကိန်းဂဏန်း များအရ ပြည်တွင်းဈေးကွက်နှင့် ပြည်ပမှ တင် သွင်း၍ ဝယ်ယူဖြည့်တင်းပြီးသော ပဲမျိုးစုံ တန်ချိန် စုစုပေါင်းမှာ ၁၄ ဒသမ ၆၆ သိန်းရှိသည်။ ထိုတန် ချိန် ၁၄ ဒသမ ၆၆ သိန်း အနက် ပြည်ပမှ တင်သွင်း သော တန်ချိန် စုစုပေါင်းမှာ ၄ ဒသမ ၀၆ သိန်း ဖြစ်သည်။ အစိုးရသည် ကျွမ်းကျင်သူ ကြားခံသို လှောင်ရေး စီမံခန့်ခွဲမှု အေဂျင်စီကို ဖွဲ့စည်းပြီး ပဲမျိုးစုံ ဝယ်ယူ ဖြည့်တင်းရေး၊ သိုလှောင်ရေး၊ ထိန်းသိမ်းရေးနှင့် အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ သို လှောင်ပစ္စည်းများ ထုခွဲဖျက်သိမ်းရေးကို ထိထိ ရောက်ရောက် စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခဲ့သည်။ သိုလှောင်ထားသော ပဲမျိုးစုံကို ပြန်လည်ရောင်းချ ရာတွင် အစိုးရက တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်သည်။ ပဲမျိုးစုံထုတ်လုပ်မှု အခြေအနေကို ကြည့်ပါက ၂၀၁၅-၁၆ ခုနှစ်အတွက် တန်ချိန် ၁၆ ဒသမ ၅ သန်းရှိပြီး ၂၀၁၆-၁၇ ခုနှစ်တွင် တန်ချိန် ၂၂ ဒသမ ၁၄ သန်းရှိမည်ဟု ခန့်မှန်းထားသည်။
ပဲမျိုးစုံဈေးနှုန်း
အိန္ဒိယအစိုးရသည် သွင်းကုန်ခွန်ကို ပြဋ္ဌာန်း ရန် စဉ်းစားလျက်ရှိပြီး ယခုလကုန်တွင် အခွန် ပြဋ္ဌာန်းချက်ကို ကြေညာနိုင်လိမ့်မည်ဟု ခန့်မှန်း ထားသည်။ အကယ်၍ သွင်းကုန်ခွန်ကို သတ်မှတ် ကြေညာမည်ဆိုပါက ပဲမျိုးစုံဈေးနှုန်းမှာ လက်ရှိ ပေါက်ဈေးအဆင့်ထက် တစ်ကွင်တယ်ကို ရူပီး ၃၀၀ မှ ၄၀၀ အထိ မြင့်တက်လာနိုင်သည်။ ပဲစင်းငုံ ကို သွင်းကုန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ သတ်မှတ် ပြဋ္ဌာန်းမည်ဟု ခန့်မှန်းထားရာ ဈေးကွက် က မျှော်လင့်ထားသည်နှင့် ကိုက်ညီသည်ကို တွေ့ ရသည်။ ယခုရာသီတွင် အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံ ပြည်ပ တင်ပို့မှုကို ခွင့်ပြုဦးမည်မဟုတ်ပေ။ ယခုလ ကုန်တွင် ပဲမျိုးစုံဈေးနှုန်းများ ပြန်လည် တည်ငြိမ် လာလိမ့်မည်ဟု အဂရီဝပ်ချ်က ခန့်မှန်းထားသည်။ အားလုံးခြုံငုံသုံးသပ်မည်ဆိုပါက ရေတိုတွင် ပဲမျိုး စုံဈေးကွက်မှာ တည်ငြိမ်ရာမှ ဈေးနှုန်း အနည်းငယ် မာလိမ့်မည်ဟု ခန့်မှန်းထားသည်။
မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီဈေးက တစ်ကွင်တယ်ကို ရူပီး ၄၂၀၀ မှ ၄၂၅၀ ကြားတွင် ရှိသည်။ ယခုလကုန်တွင် သွင်းကုန်ခွန် ကောက်ခံ မည်ဟု ယုံကြည်ထားကြသည့် အတွက် ဈေးနှုန်းက တက်ရိပ်ပြနေသည်။ မတ်ပဲ ၤဗျှ က တစ်ကွင် တယ်ကို ရူပီး ၅၉၅၀ မှ ၆၀၀၀ ကြားနှင့် ျှ က ☺ရူပီး ၆၉၀၀ မှ ၆၉၅၀ ကြားတွင် ရှိသည်။
ပြည်ပမှ တင်သွင်းသော ကုလားပဲသည် မွမ်ဘိုင်းဈေးကွက်တွင် တစ်ကွင်တယ်ကို ရူပီး ၁၀၀ နှုန်းမြင့်တက်ပြီး ၅၀၇၅ ရူပီးမှ ရူပီး ၅၁၀၀ အကြားတွင် အတက်အကျရှိသည်။ အပျက်အစီး အနည်းငယ်ရှိကြောင်း သတင်း များထွက်ပေါ်နေ ပြီး ပဲတောင်သူများ အရောင်းထိုင်းနေသဖြင့် အဝယ်လိုက်လာသည့်အတွက် ကုလားပဲဈေးတက် ရိပ်ပြနေသည်။ မွမ်ဘိုင်းဈေးကွက်တွင် ကုလားပဲ ဈေး၏ အလားအလာမှာ တစ်ကွင်တယ်ကို ရူပီး ၄၉၀၀ မှ ၅၃၀၀ ကြားရှိမည်ဟု ခန့်မှန်းကြသည်။ မန္ဒရာဆိပ်ကမ်းတွင်မူ တစ်ကွင်တယ်ကို ရူပီး ၅၁၀၀ ရှိသည်။ တန်ဇန်နီးယား ကုလားပဲ ဈေး မှာ တစ်ကွင်တယ်ကို ရူပီး ၅၀၅၀ မှ ၅၁၅၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကနေဒါပဲနီလေးဈေးမှာ တစ်ကွင် တယ်ကို ရူပီး ၄၁၀၀ မှ ၄၁၅၀ အကြားပေါက် ဈေးရှိပြီး သြစတြေးလျ ပဲနီလေးက တစ်ကွင်တယ်ကို ရူပီး ၄၂၀၀ မှ ၄၂၅၀ အကြားရှိသည်။ မတ်လအတွင်း တွင် ပဲနီလေးမှာ ဈေးမှန်နေရာမှ အနည်းငယ် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
နိုင်ငံတကာပဲဈေးကွက်
ကနေဒါနိုင်ငံတွင် ကုလားပဲထုတ်လုပ်မှု မှာ ယခုနှစ်တွင် တန်ချိန် ၈၂၀၀၀ ရှိရာမှ လာမည့် ၂၀၁၇-၁၈ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၄၅ သိန်း ထွက်ရှိလာနိုင်ပြီး စိုက်ဧရိယာမှာ လက်ရှိ ၆၈၀၀၀ ရှိရာမှ ၇၅၀၀၀ အထိ တိုးတက်လာ လိမ့်မည်ဟု ကနေဒါ ဈေးကွက်ကျွမ်းကျင် သူတို့က ခန့်မှန်းထား သည်။ ကနေဒါနိုင်ငံ၏ ကုလားပဲတင်ပို့မှုမှာ တန်ချိန် ၁ ဒသမ ၁၅ သိန်းရှိမည်ဟု ခန့်မှန်းထားသည်။ လာမည့် သီးနှံနှစ်တွင် ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၆၃၀၀၀ ရှိမည် ဟု ခန့်မှန်းထားသည်။ မတ် ပထမ ရက်သတ္တ ပတ်တွင် ပြည်ပသို့ တန်ချိန် ၂၀၀၀ တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူနှင့် နှိုင်း ယှဉ်ပါက တန်ချိန် ၁၆၀၀ ကျဆင်းခဲ့သည်။ အိန္ဒိယ မှ ဝယ်လိုအား ကျဆင်းသည့်အတွက် ကနေဒါ ပြည်တွင်းဈေးကွက်တွင် ကုလားပဲဈေးက အတက် အကျအမျိုးမျိုး ရှိခဲ့သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံသို့ သြစတြေးလျ နိုင်ငံ၏ ကုလားပဲ တင်ပို့မှုမှာ မြင့်တက်လျက်ရှိ သည်။ ယခုအချိန်ထိ သြစတြေးလျနိုင်ငံ၏ ကုလားပဲ ပြည်ပတင်ပို့မှုမှာတန်ချိန် ၃ ဒသမ ၀၃ သိန်း ရှိသည့်အနက် ၉၀ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။
အလုံးအရင်းဖြင့် ဝယ်ယူလေ့ရှိသော အိန္ဒိယ နှင့် ပါကစ္စတန်ဈေးကွက်များမှ  ဝယ်လိုအား ကျဆင်းသည့်အတွက် ကနေဒါပဲနီလေး ဈေးကွက် တွင် ရောင်းဝယ်နေသော ဈေးနှုန်းကို ဂယက်ရိုက် ခတ်ခဲ့သည်။ ပို့ကုန်သမားများမှာ အမှာစာ လက် ကျန်ဟောင်းများကိုသာ တင်ပို့နေရသည်။ သို့သော် လည်း ပဲအရည်အသွေးနှင့် အဆင့်ကောင်းမွန်မှု ကြောင့် ပုံမှန်ဈေးအတိုင်း ထိန်းထားနိုင်ခဲ့သည်။ ယခုနှစ်တွင် ပဲနီလေး စိုက်ဧရိယာကို ၃၃ ရာခိုင် နှုန်း လျှော့ချစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း ဈေးနှုန်းကျဆင်းစေရန် ဂယက် ရိုက်ခတ်မှုများက ဆက်လက်တည်ရှိနေသည်။