အိန္ဒိယပဲ ရက်သတ္တပတ်

အိန္ဒိယ ပဲဈေးကွက်၏ ရက်သတ္တပတ် အခြေ အနေကို မတ် ၁၃ ရက်က ထုတ်ပြန်သော အဂရီ ဝပ်ချ်၏ Pulses Weekly Report  အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ ၏ ပဲမျိုးစုံ ထုတ်လုပ်မှု ခန့်မှန်းေြ ခ၊ ပြည်ပမှ ပဲမျိုး စုံကို အိန္ဒိယနိုင်ငံ အတွင်းသို့ ကုန်သေတ္တာများဖြင့် တင်သွင်းမှု အခြေအနေနှင့် ပဲမျိုးစုံဈေးနှုန်း အလား အလာများကို ဖော်ပြထားသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံထုတ်လုပ်မှု ခန့်မှန်းချက် အခြေအနေနှင့် အိန္ဒိယဆိပ်ကမ်းများသို့ ပဲမျိုးစုံ ကုန်သေတ္တာ ဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်သောကိန်းဂဏန်းများမှာမူ ယခင် သီတင်းပတ်က အခြေအနေများအတိုင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။
ယခုရက်သတ္တပတ် အစီရင်ခံစာတွင် ပဲမျိုးစုံ ဈေးနှုန်းပြောင်းလဲမှု အခြေအနေများကိုသာ တွေ့ ရသည်။
ပဲမျိုးစုံဈေးနှုန်းအခြေအနေ
အိန္ဒိယအစိုးရသည် သွင်းကုန်ခွန်ကို သတ် မှတ်ပြဋ္ဌာန်းရန် စဉ်းစားလျက်ရှိရာ မတ်လအကုန် တွင် သွင်းကုန်ခွန်ကို ကြေညာနိုင်လိမ့်မည်ဟု ခန့်မှန်း ကြသည်။ အကယ်၍ သွင်းကုန်ခွန်ကို သတ်မှတ် ပြ ဋ္ဌာန်းမည်ဆိုပါက ပဲဈေးနှုန်းများမှာ လက်ရှိဖြစ် ပေါ်နေသော ဈေးနှုန်းမှ တစ်ကွင်တယ်ကို ရူပီး ၃၀၀ မှ ၄၀၀ အထိ ထပ်မံမြင့်တက်မည်ဟု ခန့်မှန်း သည်။ အကယ်၍ သွင်းကုန်ခွန်ကို အနိမ့်ဆုံး ဈေးနှုန်း (MSP) အောက်ဈေးနှုန်းကျဆင်းနေသော ပဲများကို ရွေးပြီးပြဋ္ဌာန်းပေးမည်ဆိုပါက ထိုသို့ ပြဋ္ဌာန်းပေးလိုက်သော ပဲမျိုးစုံဈေးနှုန်းများအတွက် ဈေးပိုမိုရရှိရန် အထောက်အကူ ဖြစ်စေနိုင်ပါ သည်။ အဂရီဝပ်ချ် ကမူ ပဲမျိုးစုံဈေးနှုန်းများသည် ယခုလအကုန်တွင် တည်ငြိမ်သွားလိမ့်မည်ဟု ခန့်မှန်း ထားသည်။ ပဲမျိုးစုံဈေးနှုန်းကို ခြုံငုံသုံးသပ်မည် ဆိုပါက ရေတိုတွင် ဈေးနှုန်းများ ပုံမှန်အနေအထား အတိုင်းရှိနေရာမှ အနည်းငယ် ကျဆင်းမည်ဟု ခန့် မှန်းသည်။
မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီ အဖွင့် ဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၄၂၅၀ မှ ရူပီး ၄၃၀၀ အထိ ရှိသည့်အတွက် ဈေးအနည်းငယ် ပြန်မာလာသည်ကို တွေ့ရသည်။ သို့သော် လည်း ပဲစင်းငုံဈေးမှာ ဆက်လက်မြင့်တက်မည့် အလား အလာကို မတွေ့ရပေ။ မတ်ပဲ ၤFAQ  ဈေးက တစ်ကွင်တယ်ကို ရူပီး ၅၉၅၀ နှုန်းနှငSQ က တစ်ကွင်တယ်ကို ရူပီး ၆၃၀၀ နှုန်း ရှိ သည်။ ပြည်ပ မှ တင်သွင်းလာသော ကုလားပဲများအနက် မွမ်ဘိုင်း ဈေးကွက်ရှိ ကုလားပဲဈေးမှာ ရူပီး ၁၀၀ မြင့်တက် ပြီး တစ်ကွင်တယ်ကို ရူပီး ၅၁၀၀ နှုန်းရှိ သော်လည်း ဆက်လက်မြင့် တက်မည့် အလားအလာကို မတွေ့ ရပေ။ မတ်လကုန်ပြီးနောက်ပိုင်းတွင် ကုလားပဲ တစ် ကွင်တယ်ကို ရူပီး ၄၇၀၀ အထိ ကျဆင်းနိုင် သည်။ မန္ဒရာ ဈေးကွက်တွင်မူ တစ်ကွင်တယ် ကို ရူပီး ၅၁၀၀ နှုန်းရှိသည်။ တန်ဇန်နီးယား ကုလားပဲ ဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၅၀၀၀ ရှိသည်။ ကနေဒါ ပဲနီလေး ဈေးမှာ တစ်ကွင် တယ်ကို ရူပီး ၄၀၀၀ နှုန်းရှိပြီး သြစတြေးလျ ပဲနီလေး တစ်ကွယ် တယ်ကို ရူပီး ၄၁၀၀ နှုန်းရှိသည်။ ပဲနီလေး အထွက်ကောင်းမည့် အလားအလာရှိနေသည့် အတွက် ပဲနီလေးဈေးကို ထိခိုက်နိုင်ဖွယ်ရှိသည်။
မြန်မာ ပဲစင်းငုံနီဈေးကို ဃှုၤ တန်ဖိုးဖြင့် တွက်ချက်ပါက တစ်တန်ကို အမေရိကန်ဒေါ် လာ ၆၁၀ ရှိသည့်အတွက် ယခင်ရက်သတ္တပတ် ဈေးနှုန်း နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၀ ပိုမို မြင့်တက်သည်။ မြန်မာ မတ်ပဲ ၤFAQ တစ်တန်ကို အမေရိကန်ဒေါ် လာ ၇၈၅ နှငSQ  တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၃၀၊ ပဲတီစိမ်းPedisheva  က တစ်တန်ကို အမေရိကန် ဒေါ်လာ ၉၇၅ နှင့် ပဲတီ စိမ်း Pakakois  က တစ်တန် ကို အမေရိကန်ဒေါ်လာ ၇၃၀ နှုန်းရှိသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ CNFဈေးက လာမည့်လများတွင် ပုံမှန်အတိုင်း ရှိနေ နိုင်သည်။
အပြည်ပြည်ဆိုင်ရာ ပဲမျိုးစုံဈေးကွက်
ပဲသစ်ဈေးများက မက်လောက်အောင် ဆွဲ ဆောင်မှုမရှိသည့်အတွက် ကနေဒါ ပဲစိုက်တောင်သူ တို့၏ စိုက်ဧရိယာသည် ၂၀၁၇ ခုနှစ်တွင် ကျဆင်း နိုင်သည်။ အထူးသဖြင့် စား တော်ပဲနှင့် ပဲနီလေး စိုက်ပျိုးဧရိယာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းနိုင်သည်။ သို့ဖြစ်ရာ ပဲနီလေး ထုတ်လုပ် မှုလည်း ကျဆင်းနိုင်မည့် သဘောဖြစ်သည်။ သို့ သော်လည်း ဤအခြေအနေကြောင့် ကမ္ဘာ့ဈေး ကွက်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းကို ချက်ချင်း ဂယက်ရိုက်ခတ်ဦးမည် မဟုတ်ပါ။
ကနေဒါအနောက်ပိုင်းမှ ထွက်ရှိသောNo.2 Laird    ပဲနီလေးဈေးမှာ တစ်ပေါင်ကို ၅၆ ဆင့်ရှိ သည်။ ပဲသစ်များ၏ ပေါက်ဈေးမှာ တစ် ပေါင်ကို ၃၆ ဆင့်မှ ၃၇ ဆင့်အကြားရှိသည်။ ကုလားပဲ တစ်ပေါင်ကို ၄၇ ဆင့်နှုန်းရှိသည်။
ကနေဒါသီးနှံကော်မရှင်၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ကနေဒါနိုင်ငံသည် ၂၀၁၇ ခု ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုန်ဆုံးသောရက် သတ္တပတ်အတွင်းက စားတော်ပဲ တင်ပို့မှုမှာ တန်ချိန် ၄၃၀၀၀ ရှိခဲ့သည်။ နှစ်စမှ ယခုအချိန်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၂၁ ဒသမ ၉ သိန်းရှိခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄ ဒသမ ၄ သိန်းပိုမိုခဲ့သည်။ လယ် သမားများ၏ ထုတ်လုပ်မှု မှာ ယခင်နှစ်က တန်ချိန် ၂၀ ဒသမ ၆ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂၈ ဒသမ ၅ သိန်းရှိခဲ့သည်။