အိန္ဒိယနိုင်ငံတွင် ငါးနှစ်အတွင်း ကြက်သွန်နီဈေး အနိမ့်ဆုံးသို့ရောက်ရှိ

အိန္ဒိယနိုင်ငံ၊ မဟာရသျှတ္တရာပြည်နယ်တွင် ငါးနှစ်အတွင်း ကြက်သွန်နီဈေးနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး၊ ကြက်သွန်စိုက် တောင်သူများအနေ ဖြင့် တစ်ကွင်တယ် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၄၅၀ ခန့် သာရရှိခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီအရောင်းအဝယ် ပြုလုပ်သည့် အကြီးဆုံးဈေးကြီးဖြစ်သည့် ူေျေူါသေည စိုက်ပျိုးရေး ထွက်ကုန် ဈေးကြီးတွင်  ပြီးခဲ့သည့်နှစ်၊ ဖေဖော်ဝါရီလက ပြည်နယ်အတွင်း  မိုးခေါင်ရေရှားမှုဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် အချိန်တွင် ပင် တစ်ကွင်တယ်ကို ပျမ်းမျှအားဖြင့် ရူပီး ၇၄၀ အထိ ရရှိခဲ့ကြောင်း၊ ကြက်သွန်နီတစ်ကွင်တယ် ထွက်ရှိရန်အတွက် ထုတ်လုပ်မှုကုန်ကျ စရိတ်မှာ ၉၅၀ ရူပီးအထိရှိကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်းက ကြက်သွန်နီဈေးမှာ အမြင့်ဆုံးဈေးဖြစ်ခဲ့ပြီး၊ တောင်သူများအနေဖြင့် တစ်ကွင်တယ်လျှင် ၁၄၂၄ ရူပီးအထိ ရရှိခဲ့ကြကြောင်း သိရှိရပါ သည်။
ယခုကဲ့သို့ ကြက်သွန်နီဈေးနှုန်း အဆမတန် ကျဆင်းနေရ ခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်နီ အမြောက်အမြား ထွက်ရှိ နေပြီး၊ ထွက်ကုန်များအား ကာလရှည်ကြာပိုမို သိုလှောင် သိမ်း ဆည်းထားနိုင်ရန် လိုအပ်သည့် အခြေခံ အဆောက်အအုံမရှိသည့် အတွက် ကုန်သည်များက ဈေးနှိမ်၍ ဝယ်ယူသည်ကို တောင်သူ လယ်သမားများ ခံစားနေရကြောင်း၊ သို့ဖြစ်၍ ကြက်သွန်စိုက်ပျိုး သည့် အခြေခံစရိတ်ကိုပင် မကာမိသည့်အတွက် အချို့သော တောင်သူများသည် ၎င်းင်းတို့၏ ကြက်သွန်များအား မီးရှို့ဖျက်ဆီး ပစ်နေကြကြောင်း သိရှိရပါသည်။
ကြက်သွန်နီထွက်ရှိမှုမှာလည်း Lasalgaon ဈေးသို့ ယခင်က တစ်ရက်လျှင် ကြက်သွန်နီ ကွင်တယ် ၁၂၀၀၀ သာ ရောက်ရှိရာမှ ယခုအခါ နေ့စဉ်ကွင်တယ် ၃၀၀၀၀ မှ ၃၅၀၀၀ ထိရောက်ရှိနေ ကြောင်း၊ သို့ဖြစ်၍ ၎င်းင်းကြက်သွန်နီများအား အခြားဒေသများသို့ တင်ပို့ရန်အတွက် ကုန်သည် များအနေဖြင့် ကုန်တင်ရထားတွဲများ ပိုမိုလိုအပ် လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နေ့စဉ်ရထားတွဲ ဆိုင်းပေါင်း ၄၀ အထိ လိုအပ်လျက်ရှိသော်လည်း ယခုအခါ ၁၅ တွဲမှ ၁၈ တွဲအထိသာ ရရှိကြောင်း မီးရထားတာဝန်ရှိသူများကလည်း ကုန်တင်ရထားတွဲများ ထပ်မံစီစဉ်ပေးရန် သဘောတူထားပြီး ဖြစ် ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ကနဦးအနေဖြင့် ပြီးခဲ့သည့် နှစ်၊ နိုဝင် ဘာလဆန်းကတည်းက စတင်ခဲ့သည့် ငွေစက္ကူဖျက်သိမ်းအစားထိုး သည့် အစီအစဉ်ကြောင့် ကြက်သွန်နီဈေးနှုန်းအပေါ်တွင် ရိုက်ခတ် ခဲ့ပြီး၊ ဒီဇင်ဘာလကုန်အထိ ပြန်လည် မြင့်တက်လာခဲ့ခြင်းမရှိ ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ကြက်သွန်နီသစ်များ ထပ်မံ ရောက်ရှိလာရာ ဝယ်လိုအားနှင့် ရောင်းလိုအားမမျှသည့်အတွက် ဈေးနှုန်းမှာ ထပ်မံကျဆင်းခဲ့ကြောင်း၊ ယခုလအတွင်း ကြက်သွန်နီ ထွက်ရှိမှု နှေးကွေးလာနိုင်ပြီး၊ ဈေးနှုန်းမှာလည်း ပြန်လည်တည်ငြိမ် လာနိုင်မည်ဟု မျှော်လင့်ကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့