အော်ဂဲနစ်ထွက်ကုန်ပြည်ပတင်ပို့မှုကို ထိုင်းနိုင်ငံတိုးမြှင့်မည်

ထိုင်းနိုင်ငံ၏ အော်ဂဲနစ် ထွက် ကုန် ပြည်ပတင်ပို့မှုတန်ဖိုးသည် ဘတ် လေးဘီလီယံရှိရာမှ နောင်နှစ်အနည်း ငယ်အတွင်း ဘတ် ငါးဘီလီယံသို့ တိုး တက်ရရှိရန် တွန်းအားပေးဆောင်ရွက် လျက်ရှိပါသည်။ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်း တွင် လူဦးရေ စုစုပေါင်း ၁၆ သန်း သို့ မဟုတ် အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်းပါ ဝင်လုပ်ကိုင်လျက်ရှိရာ တိုင်း ပြည်လုပ်သားအင်အား စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံ့လူဦးရေ ၏ လေးပုံတစ်ပုံကို ကိုယ်စားပြုလျက် ရှိ ပါသည်။ ထိုင်းနိုင်ငံ၏  ဆန်စပါး ထုတ် လုပ်မှုသည် ကမ္ဘာ့ဈေးကွက်ဝယ်လိုအား ကို အခြေခံထားပြီး ထုတ်လုပ်မှု၏ထက် ဝက်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ထိုင်းတောင်သူ တစ်သန်း ခန့်မှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပါ သည်။ ထိုင်းနိုင်ငံ၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မှာ ၂၀၁၃ ခုနှစ်တွင် လူတစ်ဦးတစ်လလျှင် ဝင်ငွေ ၂၅၇၅ ဘတ်၊ ၂၀၁၄ ခုနှစ်တွင် ၂၆၄၇ ဘတ်၊ ၂၀၁၅ ခုနှစ်တွင် ၂၆၄၄ ဘတ်ဟု သတ် မှတ်ထားကြောင်း တွေ့ရှိရပါသည်။
ထိုင်းအစိုးရအနေဖြင့် တောင်သူ များ၏ ဝင်ငွေကို မြှင့်တင်၍ ဆင်းရဲမှု လျော့နည်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အော်ဂဲနစ်ဆန် စပါးအပါအဝင် အခြားအရည်အသွေး မြင့် ဆန်စပါးကို ထုတ်လုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။ ရိတ်သိမ်း ချိန်လွန်နည်းပညာ၊ ထောက်ပံ့ပို့ဆောင် ရေး နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စားသောက်ကုန် အမျိုး မျိုးထုတ်လုပ်ခြင်း (အစားအစာ၊ သဘာ၀ အားဆေး၊ အလှကုန်၊ ဘီယာ) နှင့်ဇီ၀ ဒီဇယ်ထုတ်လုပ်ခြင်းများနှင့် ချိတ်ဆက် နိုင်ရေးကို စီမံပေးရန် လိုအပ်ပါသည်။
ထိုင်းနိုင်ငံ၏ အော်ဂဲနစ်ဆန် ထုတ် လုပ်မှုသည် လက်ရှိတွင် နှစ်စဉ်တိုးတက် မှု ၁၀ ရာခိုင်နှုန်းမှ ရှေ့လာမည့်သုံးနှစ် အတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးတက်မှု ရရှိရန် မျှော်မှန်းထားပြီး အော်ဂဲနစ် ဈေးကွက်တန်ဖိုးမှာ ဘတ် ၂ ဒသမ ၃ ထရီလီယံရှိ ရာပို့ကုန်တန်ဖိုးသည် ဘတ် လေးဘီလီယံရှိပါသည်။ ယနေ့ ကမ္ဘာ တွင် ဓာတုပစ္စည်းကင်းစင်၍ ကျန်းမာ ရေးနှင့်ညီညွတ် မျှတသည့် အော်ဂဲနစ် အစားအသောက်များကို ပိုမိုဝယ်ယူ စားသုံးလာကြသဖြင့် ကမ္ဘာ့အော်ဂဲနစ် ဈေးကွက်သည် တစ်နေ့ တစ်ခြားကြီး ထွားလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အော်ဂဲနစ်ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံခန့်ရှိ ကြောင်း၊ ဥရောပဈေးကွက်နှင့် အမေ ရိကန် ဈေးကွက်သည် အကြီးဆုံးဈေး ကွက်များဖြစ်ကြောင်း၊ အခြား ကမ္ဘာ့ နိုင်ငံအများစုတွင်လည်း နှစ်စဉ်အော်ဂဲ နစ်ရောင်းအားသည် ဂဏန်းနှစ်လုံး တိုးတက်မှုထိ မြင့်တက်လာကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ အော်ဂဲနစ် ဈေးကွက်သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃၂ ရာခိုင် နှုန်းဖြင့် တိုးတက်မှုအကောင်းဆုံး ဈေး ကွက်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါ သည်။  

 ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့