နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း၏အသိအမှတ်ပြုလက်မှတ်ကို Vietjet ရရှိ

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းလေကြောင်းလိုင်း တစ် လိုင်းဖြစ်သည့် Vietjet  လေကြောင်းလိုင်းအား နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(Inernational Air Transportation Association-IATA)  ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်ကြောင်းVietjet ၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းသည် Vietjet လေ ကြောင်းလိုင်းအား ဗီယက်နမ်နှင့် ပြည်ပလေကြောင်းဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းများကြားတွင်  အနာဂတ်လုပ်ငန်းနေရာ တစ်နေရာအဖြစ် ခိုင်မာစွာရပ်တည်လာစေမည်ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရမီVietjet  အနေဖြငC ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက် မှတ်ကို ရရှိခဲ့ပြီးဖြစ်သည်။
နိုင်ငံတကာလေကြောင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သညIATAသည် အဖွဲ့ဝင်လေကြောင်းလိုင်းများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို အစဉ်ရှေးရှုလုပ်ဆောင်ပေးလျက်ရှိကြောင်း Vietjet  ၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။
IATA  သည် အဖွဲ့ဝင်များအား အသိအမှတ်ပြုခြင်း၊ ၎င်းင်းတို့၏ လုပ်ငန်းများအား ဦးစားပေးဖော်ထုတ်ကြေညာ ပေးခြင်း၊ လုပ်ငန်းများ တိုးတက်လည်ပတ်နိုင်ရန် အားပေး မြှင့်တင်ခြင်း၊ အသုံးစရိတ်များ စီမံခန့်ခွဲခြင်းနှင့် ဆက် သွယ် ရေးပိုမိုကောင်းမွန်စေရန်တည်ဆောက်ခြင်း၊ သင်တန်းပေး ခြင်းနှင့် အခြားသောဝန်ဆောင်မှုများအတွက် လှုပ်ရှားမှုအစီ အစဉ်များ လုပ်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထို့ပြင် ဟိုချီမင်းမြို့တော် လူထုကော်မတီဖြစ်သည့် ဆိုင်ဂွန် ံHi-tech Park  ဘုတ်အဖွဲ့သည် Vietjet  ၏ လေ ကြောင်းပညာသင်ကျောင်း တည်ဆောက်ရေးဆိုင်ရာ စီမံ ကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ  လေကြောင်းပညာသင်တန်းကျောင်းတည် ဆောက်ခြင်း စီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လအတွင်း စတင် မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် တည်ဆောက်ခြင်းလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း သိရသည်။