လေးလအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းရာမှ မလေးရှားစားအုန်းဆီဈေး ပြန်လည်မြင့်တက်လာ

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် လေးလအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပြီးနောက် ပဲပုပ် ဆီဈေးများ မြင့်တက်လာခြင်းနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် က ပြန်လည်မြင့်တက်လာခဲ့သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် Bursa Malaysia Deri-vatives  Exchange)  တွင် မေအတွက် စားအုန်းဆီကြိုရောင်း ဈေးမှာ တစ်တန်ကို သုည ဒသမ ၆  ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၂၇၇၀ (အမေရိကန်ဒေါ်လာ ၆၂၄ ) ရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်  စောစောပိုင်းက စားအုန်းဆီ ကြိုရောင်းဈေးသည် တစ်တန်ကို ၂၇၂၃ ရင်းဂစ်နှုန်းအထိ ကျဆင်းခဲ့ရာ နိုဝင်ဘာ ၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ် ခဲ့သည်။  စားအုန်းဆီထုတ်လုပ်မှုမြင့်တက်ခြင်းနှင့် ပို့ကုန်ဝယ် လိုအားကျဆင်းခြင်းကြောင့် စားအုန်းဆီဈေးသည် ရက်သတ္တ နှစ်ပတ်ဆက်တိုက်ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်က စားအုန်းဆီရောင်းချမှုပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၈၀၂၂၂ တွဲ ရှိခဲ့သည်။
စားအုန်းဆီဈေးသည် အမေရိကန်နိုင်ငံ  ချီကာဂိုကုန် သွယ်မှုဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေး မြင့်တက်ခဲ့သည့်အတိုင်း လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကွာလာလမ်ပူရှိကုန်သည် များက ပြောသည်။အခြားကုန်သည်တစ်ဦးကမူ ဈေးတက် စေမည့် အခြားအကြောင်းတရားများ မရှိသေးသည့်အတွက် ရက်အနည်းငယ်အတွင်းတွင် စားအုန်းဆီဈေးသည် ယခုဈေး ဝန်းကျင်တွင် ရှိနေဦးမည်ဟုပြောသည်။
မလေးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့ရာတွင် အင်ဒို နီးရှားပြီးလျှင် ဒုတိယအများဆုံးတင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စားအုန်းဆီ ပြည်တွင်းတင်ပို့မှုမှာ ဇန်နဝါရီနှင့် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ တွင် ၁၂ရာခိုင်နှုန်းမှ ၁၄ ဒသမ ၂ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့ကြောင်း ကုန်စည် စစ်တမ်းအဖွဲ့၏ ဖေဖော်ဝါရီ ၂၈ ရက်ကထုတ်ပြန်သော ကိန်း ဂဏန်းများအရ သိရသည်။
သီးနှံသစ်များ  ပေါ်လာပြီးနောက် လက်ရှိအချိန်မှ ယခု နှစ် ဒုတိယသုံးလပတ်အထိ  စားအုန်းဆီထုတ်လုပ်မှု မြင့်မား မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အယ်လ်နီညိုရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုကို ထိခိုက်ခဲ့သော်လည်း ဤဂယက်ရိုက်ခတ်မှုက  ယခုနှစ်တွင် ပျောက်ကွယ်သွားလိမ့်မည်ဟု လေ့လာဆန်းစစ်သူတို့က ခန့် မှန်းထားသည်။
အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်မှုအဖွဲ့တွင် ပဲပုပ်ဆီ ဈေးက သုည  ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ပဲပုပ်ဆီဈေးက သုည ဒသမ ၄ ရာခိုင် နှုန်း ကျဆင်းခဲ့သည်။ ဒါလီယံကုန်စည်ဒိုင်တွင် မေလအတွက် ချုပ်ဆိုသော စားအုန်းဆီကြမ်းဈေးမှာ သုည ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းသည်။
စားအုန်းဆီနှင့်  အခြားဟင်းရွက်ဆီတို့မှာ ကမ္ဘာ့ဈေး ကွက်တွင် ဈေးကွက်ဝေစုရရှိရန် အပြိုင်လှုပ်ရှားလျက်ရှိနေ သည့်အတွက်  တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးသက် ရောက်လျက်ရှိသည်။
             ဉာဏ်တင်