ရင်းနှီးမြှုပ်နှံမှု တိုးပွားလျက်ရှိသော်လည်း စီးပွားရေးပတ်ဝန်းကျင်ကောင်း လိုအပ်နေဆဲ အာဆီယံ

   အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) သည် စီးပွားရေးအသိုက်အဝန်း ကို အကောင် အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ တစ်နှစ်တာကာလအတွင်း ဂျပန် အပါ အဝင် အာဆီယံမဟုတ်သော နိုင်ငံများထံမှ အာဆီယံနိုင်ငံများအတွင်းသို့ စီးဝင်သော ရင်းနှီး မြှုပ်နှံမှုများ သိသိသာသာ တိုးပွားလျက်ရှိသည်။ အာဆီယံ (၁၀) နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း တစ်ခုတည်းေ သာ ဈေး ကွက်(Single market) ကို တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို အကောင်အထည် ဖော်လျက်ရှိသည်။
အရှေ့တောင်အာရှဒေသ၏ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများသည် အာဆီယံဒေသတွင်းသို့ များပြားစွာ စီးဝင်လျက်ရှိသည်။ ထိုသို့ စီးဝင်ရခြင်းမှာ အကြောင်းနှစ်ချက်ကြောင့်ဖြစ်သည်။ ပထမ အချက်မှာ အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်း  (Economic growth rates) မြင့်မားနေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ လုပ်အားခ နိမ့်ကျသည့် လုပ်သားအရေအတွက်ပေါများခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအပြင် နယ်စပ်ဖြတ်ကျော် ကုန် သွယ်မှုပမာဏသည်လည်း သိသိသာသာ တိုးတက်နေပါသည်။ ထိုနည်းတူစွာပင် ဂျပန်နှင့်ပူးပေါင်းဆောင်ရွက်နေသော ကမ္ဘော ဒီးယားအထူးစီးပွားရေးဇုန် (Special Economic Zone-SEZ) သည် လည်း တိုးတက်အောင်မြင်နေပါသည်။ အထူးသဖြင့် ဂျပန်ကုမ္ပဏီ များဖြစ်သောToyota Tsusho  ကော်ပိုရေးရှင်း၊ နာဂိုယာ အခြေစိုက် ရောင်းဝယ်ရေးကုမ္ပဏီ၊NHK Spring ကုမ္ပဏီနှင့် ယိုကိုဟားမား အခြေစိုက် မော်တော်ကားပစ္စည်းစက်ရုံတို့က SEZ  များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော နိုင်ငံတကာ ကုမ္ပဏီ အချို့သည် ၎င်းင်းတို့ ရင်းနှီးမြှုပ်နှံမှုများကို ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့လိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်း နိုင်ငံတွင် လုပ်သားစရိတ် f (Labor Costs) ကြီးမြင့်နေသောကြောင့် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဂျပန်ကုမ္ပဏီကြီးများသည် လုပ်ခ သက်သာသော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် စက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။ အဆိုပါ အစိတ်အပိုင်းများကို ထိုင်းနိုင်ငံတွင် တပ်ဆင်ပြီး ကုန်ချောအဖြစ် ထုတ်လုပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဗနဃ က ဂျပန်ကုမ္ပဏီများအား စရိတ်သက်သာသည့် ကောင်းကျိုးကို ရရှိ စေသည်။
စီးဝင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုများက အာဆီယံ၏ စီးပွား ရေးလုပ်ဆောင်ချက်များကို ပိုမိုအားကောင်းစေပါသည်။ သို့သော် လည်း အာဆီယံအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လုပ်ငန်းတာဝန် များစွာ ကျန်ရှိနေသည်။အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ရည်ရွယ်ချက်တစ်ခုမှာ အကောက်ခွန်နှင့် အကောက်ခွန်မဟုတ် သော အတားအဆီးများ    (Tariffs and NTBs) ကို လျှော့ချဖယ်ရှားပြီး ကုန်စည်၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သား စီးဆင်းမှုကို မြှင့်တင် ရန်ဖြစ်သည်။ AEC  အကောင်အထည်ဖော်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ကုန်စည်လိုင်း စုစုပေါင်း၏ ၉၆ ရာခိုင်နှုန်းကို အကောက်ခွန်ဖယ်ရှားပြီးဖြစ်သည်။ အကောက်ခွန်ဖယ်ရှားပြီးသည့် နှုန်း (Tariff elimination rate)  ၉၆ ရာခိုင်နှုန်းရှိသည်ဟူ၍ ဆိုလိုပါ သည်။
အရှေ့တောင်အာရှဒေသတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရန်များစွာ လိုအပ်နေပါသည်။ သို့သော်လည်း အခြေခံ အဆောက်အအုံတည်ဆောက်ရေးသည် လျင်မြန်စွာ တိုးတက်နေ သည်။ ဥပမာအားဖြင့်AEC  ပယ်ဖျက်ထားသောကြောင့် အကောက်ခွန်မဟုတ် သော အတားအဆီးများဖြင့် မိမိတို့၏ ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ကြခြင်းဖြစ်သည်။ ဥပမာ-အချို့နိုင်ငံများတွင် တင်သွင်း လာသော မော်တော်ကားများအပေါ် အထူးစားသုံးခွန(Electronic customs clearing system)  ကောက်ကြသည်။ ထို့အတူ အချို့နိုင်ငံများက လည်း ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များတွင် ပါဝင်သော အမျိုးအစားများကို ပြည်တွင်းဘာသာစကား(Local Languages)  ဖြင့် စာသားကပ်ပေးရန် ညွှန်ကြားထားသည်။ ထို့ပြင် အခြားမသိသာ သော အဟန့်အတားများကိုလည်း ချမှတ်ကျင့်သုံးနေကြသည်။
အကောက်ခွန်မဟုတ်သော အတားအဆီးများဆိုသည်မှာ နိုင်ငံများသည် သွင်းကုန်ပစ္စည်းများ၏ ရိုက်ခတ်မှုဒဏ်ကို ကုစားရန် အတွက် အကောက်ခွန်ကောက်ခံခြင်းမပြုဘဲ အခြားသော အစီအမံ များကို ချမှတ် ကျင့်သုံးခြင်းဖြစ်သည်။ ထိုသို့ကျင့်သုံးခြင်းအားဖြင့် မိမိတို့၏ ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ခြင်းဖြစ်သည်။ ဥပမာ-အခြားနိုင်ငံများမှ တင်သွင်းလာမည့် သွင်းကုန်ပစ္စည်းအရေအတွက် အများဆုံး သတ်မှတ်ချက် (Upper Limits on the volume of imported product)  ထားရှိခြင်းဖြစ်သည်။ နောက်ထပ် အစီအမံ တစ်မျိုးမှာ သွင်းကုန် ပစ္စည်းများအပေါ် တင်းကျပ်သော စစ်ဆေး ရေးစံများ(Strict inspection criteria) ချမှတ် ကျင့်သုံးခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းလုပ်ငန်းများအား ထောက်ပံ့ကြေး(Subsidies) ပေးသည့် နည်းလမ်းကိုလည်း ကျင့်သုံးကြပါသည်။ မိမိ၏ ပြည်တွင်း လုပ်ငန်းများကို ထိုကဲ့သို့ ထောက်ပံ့ကြေးပေးခြင်းအားဖြင့် ပြိုင်ဖက် ဖြစ်သည့် နိုင်ငံခြားကုမ္ပဏီများ ကို ထိခိုက်နစ်နာစေပါသည်။
တစ်ခါတစ်ရံတွင် အကောက်ခွန်ရှင်းလင်းရာ၌ ထင်သာ မြင်သာမရှိခြင်း၊ မလိုလားအပ်သော အပို ကုန်ကျစရိတ်များ ပေး ဆောင်ရခြင်းရှိသည်။ ထို့ကြောင့် AEC  မတိုင်မီအခြေအနေနှင့် AEC  စတင်နေသည့် အခြေအနေသည် မည်သို့မျှထူးခြားမှု၊ ပြောင်းလဲမှု မရှိပါကြောင်း နိုင်ငံတကာလုပ်ငန်းရှင်များက ထောက်ပြ ဝေဖန်ကြ သည်။
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် ၂၀၁၇ ခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်သည့် အာဆီယံနှင့် ပတ်သက်ပြီး မျှော်လင့်ချက် ထားရှိကြသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ဈေးကွက်ပြီးလျှင် ကြီးမားသော ဈေးကွက်မှာ အာဆီယံဈေးကွက်ဖြစ်လာနိုင်သော ကြောင့်ဖြစ်သည်။ AEC  ၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန် အတွက် ဒေသ၏ စီးပွားရေးပတ်ဝန်းကျင် (Business environment) ကောင်းမွန်ရန်လိုအပ်ပါသည်။ သို့မှသာ နိုင်ငံခြားကုမ္ပဏီကြီးများ သည် အရှေ့တောင်အာရှဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ပါသည်။

သိန်းမြင့်ဝေ
Source: the japan news