အိန္ဒိယနိုင်ငံ၊ ဘင်ဂါလူရူမြို့တွင် iPhone များ စတင်ထုတ်လုပ်ရန် Apple ကုမ္ပဏီက စီစဉ်

အိန္ဒိယဈေးကွက်၌ ရောင်းချမည့်iPhone  များအား အိန္ဒိယနိုင်ငံ ဘင်ဂါလူရူမြို့တွင် စတင်ထုတ်လုပ်ရန် Apple ကုမ္ပဏီက စီစဉ်လျက်ရှိ ကြောင်း၊ အဆိုပါ ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်း များတည်ရှိရာ အချက်အချာေ နရာဖြစ် သည့် Peenya  တွင် iPhone များ ထုတ်လုပ်ရန်အတွက် စက်ရုံများ တည်ဆောက် လျက်ရှိကြောင်း၊ လာမည့် ဧပြီလတွင် ၎င်းင်းစက်ရုံမှ iPhone   စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင်  ပြည်ပမှတင်သွင်းသည့် ဖုန်းများ အတွက် ထပ်ပေါင်းခွန် (additional duty)  ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံကြောင်း၊ ဗစစူန ထုတ်ကုန် များ အား အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်ခြင်းအားဖြင့် ထပ်ပေါင်းခွန် သက်သာလာသည့်အတွက် ၎င်းင်းထုတ် ကုန်များ၏ ဈေးနှုန်းများမှာ အခြားသောဖုန်းများနှင့် ပိုမိုယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း၊ တရုတ် (တိုင်ပေ) နိုင်ငံအခြေစိုက်  Apple ထုတ်ကုန်များ အတွက် အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်သူ(Original Equipment Manufacturer - OEM) Wistron ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုမျှသာမက  Apple ထုတ်ကုန်များအတွက် အစိတ်အပိုင်း ပစ္စည်းများထုတ်လုပ်သော အကြီးဆုံး ကုမ္ပဏီဖြစ်သည့် တရုတ်(တိုင်ပေ)နိုင်ငံ အခြေစိုက်Foxconn ကုမ္ပဏီကလည်း မဟာရသျှတ္တရပြည်နယ် တွင်Appleကုန်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ် သည့် စက်ရုံတစ်ရုံကို တည်ထောင်ရန် အစောပိုင်းက သဘောတူညီခဲ့ကြောင်း၊ သို့ရာတွင် Foxconnကုမ္ပဏီသည် အိန္ဒိယနိုင်ငံအတွင်း၌ ထုတ်လုပ်ရန် Xiaomi  နှင့် One Plus ကဲ့သို့ အခြားသော စမတ်ဖုန်း ထုတ်လုပ်သူများနှင့်လည်း သဘောတူစာချုပ်များ ချုပ်ဆိုထားခဲ့ကြောင်း၊ သို့ဖြစ်၍ Foxconn  ကုမ္ပဏီ အနေဖြင့် ၎င်းင်း၏ အဆိုပါ စက်ရုံတွင  Apple ထုတ် ကုန်များသာမက အခြားသော ထုတ်ကုန်များကိုပါ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
၂၀၁၆ ခုနှစ်၊ နှစ်ဦးပိုင်းက Apple ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တင်မ်ကွတ်သည် အိန္ဒိယနိုင်ငံရှိ မြို့အများအပြားသို့ လာရောက်လည် ပတ်လေ့လာခဲ့ကြောင်း၊ အဆိုပါခရီးစဉ်သည် တိုးတက်များပြားလာနေသော အလယ်အလတ်တန်း လွှာများမှ Apple  ထုတ်ကုန်ဝယ်လိုအား မြင့်တက် လာနေသော အိန္ဒိယနိုင်ငံ၏ ပိုမိုအရေးပါလာသည့် အနေအထားကို ပြသခဲ့ကြောင်း၊ ဟောင်ကောင် အခြေစိုက်Counterpoint Technology Market Research့ မှ ထုတ်ပြန်သည့် အချက်အလက်များအရ ဗစစူန ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း အိန္ဒိယ နိုင်ငံတွငiPhone အလုံးရေပေါင်း ၂ ဒသမ ၅ သန်း ခန့် ရောင်းချခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ် ရောင်းချရသည့် ပမာဏထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာ ခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
ဝင်ငွေအားဖြင့်လည်း Apple  India  မှ ရောင်းချ ရသည့် ပမာဏမှာ ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ရူပီး ၉၉၉၇ ကုဋေဖိုးဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် အလားတူ ကာလတွင် ရောင်းချခဲ့သည့် တန်ဖိုးငွေ ရူပီး ၆၄၇၂ ကုဋေထက် ၅၆ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း  Apple  India  ကုမ္ပဏီ၏ အသားတင် အမြတ်မှာလည်း ရူပီး ၂၉၄ ကုဋေသို့ မြင့်တက်လာခဲ့ ပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁ ရာခိုင်နှုန်းတိုးတက်လာ ခဲ့ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့