ဒေါ်နယ်ထရမ့်၏ မူဝါဒများကြောင့် အိန္ဒိယဆေးဝါးလုပ်ငန်းကို မထိခိုက်

အမေရိကန်   ပြည်ထောင်စုတွင် အဆိုပြုထားသော   ကျန်းမာရေးစောင့် ရှောက်မှု မူဝါဒအပြောင်းအလဲများကြောင့် အိန္ဒိယကုမ္ပဏီများအပေါ်တွင် ဂယက်ရိုက် ခတ်မှုအနည်းငယ်သာ  ရှိလာနိုင်မည်ဟု အိန္ဒိယဆေးဝါးထုတ် လုပ် သူများနှင့် ဆေး ဝါးတင်ပို့သူများက   ဇန်နဝါရီ ၁၂ ရက်က ပြောကြားကြောင်း  ဘိဇနက်စတန်းဒတ် သတင်းတွင် ဖော်ပြသည်။အိုဘားမား   ကျန်းမာရေးစောင့် ရှောက်မှု အက်ဥပဒေ (Obamacare Act)  ကို ပြန်လည် ရုပ်သိမ်း ၍ အစားထိုးပြဋ္ဌာန်း မည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို အမေရိကန်နိုင်ငံသို့ ပြန် လည်   ရွှေ့ပြောင်းမည်ဖြစ်ကြောင်းနှင့် ဆေးဝါးစောင့်ရှောက်မှုအတွက် အစိုးရက ကတိပြုထားသော  လူမှုအာမခံအစီအစဉ် အတွက် လေလံခေါ်ယူရာတွင် စနစ်သစ် ဖြင့် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်   ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၂ ရက်  စတော့ဈေးကွက် များဖွင့်ချိန်တွင်   ဆေးဝါးကုမ္ပဏီများ၏ ရှယ်ယာများ   ၁ ရာခိုင်နှုန်းမှ  ၃ ရာခိုင်နှုန်း အထိ   ကျဆင်းခဲ့သည်။   သို့သော်လည်း ဈေးနှုန်းများ ကျဆင်းခြင်းမှာ လွန်ကဲလွန်း ကြောင်း ကျွမ်းကျင် သူတို့ ဝေဖန်ပြောကြား ပြီးနောက်ပိုင်း ရှယ်ယာဈေးများ ပြန်လည် ဦးမော့လာသည်။''အိန္ဒိယ  ဆေးဝါးလုပ်ငန်းတွေက  အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသက် သာတဲ့ ဆေးဝါးတွေပေးသွင်းပြီး  အမေ ရိကန်ပြည်ထောင် စုရဲ့  ကျန်းမာရေးကုန် ကျစရိတ်သက်သာအောင်   ဆယ်စုနှစ် တစ်စုလောက် အထောက်အကူပေးထားခဲ့ ပါတယ်။ အမေရိကန်သမ္မတက ဈေးနှုန်း သတ်မှတ်တဲ့ ပုံစံသစ်တွေကို ချမှတ်ပေးပြီး တန်ဖိုးကြီးတဲ့  ဆေးဝါးတွေကို သက်သာ တဲ့   ဈေးနှုန်းရအောင်   အလေးပေးဆောင် ရွက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အိန္ဒိယနိုင်ငံထုတ် ကုန်အမှတ်တံဆိပ်မပါတဲ့ ဆေးဝါး(Generic Drug) တွေက အမေ ရိကနပြည်ထောင်စုမှာ နာမည်ကြီးတံဆိပ် နဲ့ရောင်းနေ တဲ့     ဆေးဝါးနဲ့နှိုင်းယှဉ်ရင် ဆယ်ပုံတစ်ပုံလောက် သက်သာပါတယ်။ မူဝါဒပြောင်းလဲတဲ့ ဂယက်ကြောင့် အိန္ဒိယ ဆေးကုမ္ပဏီတွေကို မဆိုသလောက်သာ ထိခိုက်မှုရှိနိုင်ပါတယ်''ဟု ငြသခသာ ကုမ္ပဏီ ၏ဥက္ကဋ္ဌ  ကီရန်မာစွမ်ဒါ က ပြောသည်။
ထရမ့်၏  ဝေဖန်ပြောကြားချက်သည် မက္ကဆီကိုနှင့် ပွာတိုရီကိုမှာ ဆေးဝါးများ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်ရောင်းချသော   အမေရိကန် ကုမ္ပဏီများကိုသာ    ရည်ရွယ်ကြောင်း၊ အိန္ဒိယဆေးဝါး ကုမ္ပဏီ များကို မရည်ရွယ် ကြောင်း အိန္ဒိယ  ဆေးဝါးထုတ်လုပ်ရေး မဟာမိတ်အဖွဲ့  အထွေထွေအတွင်းရေးမှူး ဒီဂျီရှားက ပြောသည်။

ဉာဏ်တင်စုစည်းတင်ပြသည်.