အိန္ဒိယနိုင်ငံ၌ ရက်သတ္တပတ်အတွင်း ဆောင်းသီးနှံစိုက်ဧက ခုနစ်ရာခိုင်နှုန်းခန့် တိုးမြှင့်စိုက်ပျိုး

အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံ စိုက်ဧကမှာ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ခုနစ်ရာခိုင်နှုန်းခန့် တိုးမြှင့်လာ ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်အထိ ဆောင်းသီးနှံစိုက်  ဟက်တာပေါင်း ၅၁၉ ဒသမ ၂၇ သိန်းခန့်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၃ ရက်တွင် ၅၅၄ ဒသမ ၉၁ သိန်းခန့်သို့ တိုးတက်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်ကာလတူက ဟက်တာ ၅၂၃  ဒသမ ၄  သိန်းသာ  ရှိခဲ့သည့် အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လည်း ခြောက်ရာခိုင်နှုန်းခန့် တိုးတက် လာခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ဆောင်းသီးနှံ စိုက်ပျိုးမှုမှာ ဒီဇင်ဘာလကုန်အထိ ဆက်လက် ရှိလာနိုင်သေးကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ် ဆောင်းသီးနှံစိုက်ဧကအား ဟက်တာ ၆၃၈ ဒသမ ၃၇ သိန်းခန့် သို့ ရောက်ရှိ ရန် မျှော်မှန်း ထားရာ ယခုအချိန်ထိ စိုက်ပျိုး ပြီးစီးမှုမှာ မျှော်မှန်းချက်၏ ၈၇ ရာခိုင် နှုန်းသာရှိသေးကြောင်း၊ စိုက်ပျိုးပြီး စီးထားသည့် စိုက်ဧကများအနက် ပဲ အမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် ဂျုံစိုက် ပျိုးမှုများမှာယခင်နှစ်ထက် ပိုမိုမြင့် မားခဲ့ပြီး ပြောင်းနှ င့် စပါးစိုက်ဧရိယာမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။
စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်း ရန် ရေအရင်းအမြစ်ရရှိနိုင်မှုနှင့် စပ် လျဉ်း၍ အိန္ဒိယနိုင်ငံအတွင်းရှိ အဓိက ဆည်^ရေလှောင်တမံကြီး ၉၁ ခုအား လေ့လာစောင့်ကြည့်လျက်ရှိသည့် အိန္ဒိယ ဗဟိုရေအရင်းအမြစ် ကော်မရှင်မှ ထုတ် ပြန်သော အချက်အလက်များအရ အဆိုပါဆည်/ရေလှောင်တမံကြီးများ ၏ သိုလှောင်ထားသော ရေပမာဏ စုစုပေါင်းမှာ ကုဗမီတာပေါင်း ၉၅ ဒသမ  ၃၄ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်း ပိုမိုများပြားလျက် ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်းသီးနှံများအတွက် ရေရရှိနိုင်မှုပမာဏမှာ ပိုမိုကောင်းမွန် လျက်ရှိကြောင်း၊ သို့ရာတွင် ၎င်းင်းပမာဏ သည် ၁၀ နှစ်အတွင်း ပျမ်းမျှ ရေသိုလှောင် မှု ပမာဏနှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်း ခန့် နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ ယခုနှစ် ဂျုံစိုက် ပျိုးမှုဧကမှာ ဂူဂျာရတ်၊ ဂျမူးနှင့် ကက်ရှ် မီးယားပြည်နယ်တို့တွင် အနည်းငယ် ကျဆင်းခဲ့ပြီး မဒ္ဒရာပရာဒေ့ရှ်၊ မဟာရ သျှတ္တရနှင့် ရာဂျပ်စသန် ပြည်နယ်တို့ တွင် စိုက်ဧကများ တိုးတက်လာကြောင်း၊ ပဲစိုက်ပျိုးမှုအနေဖြင့် ကုလားပဲလုံးဖြူ၊ ပဲနီလေး/ပဲဝါလေး နှင့် ပဲလွန်းဖြူ စိုက် ပျိုးဧက သိသိသာသာ တိုးလာပြီး ပဲတီ စိမ်း၊ မတ်ပဲ၊ ပဲပိစပ် စိုက်ပျိုးမှုတို့မှာ ကျဆင်းခဲ့ကြောင်း၊ ဆီထွက်သီးနှံအနေ ဖြင့် မုံညှင်းစိုက်ပျိုးမှုမှာ ပြီးခဲ့သည့်နှစ် စိုက်ဧကဖြစ်သည့် ဟက်တာ ၆၈ ဒသမ ၂၂ ထက် ၁၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး ဂျာခန်း၊ ဥတ္တရာပရာဒေ့ရှ်နှင့် ရာဂျပ်စသန်ပြည်နယ်တို့တွင် ပိုမိုစိုက် ပျိုးလာခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် တောင်သူလယ် သမားများအနေဖြင့် ဈေးနှုန်းကောင်း မွန်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ များကို ပြောင်းလဲစိုက်ပျိုးလာသည့် အတွက် ပြောင်းသီးနှံစိုက်ပျိုးမှုအနေ ဖြင့် ပြောင်းဖူး၊ ပြောင်းဆန်နှင့် မုယော စပါးစိုက်ဧကများ ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့