ထိုင်းနိုင်ငံ၏ ပုစွန်ပြည်ပတင်ပို့မှုကို ၂၀၁၇ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း တိုးတက်ရရှိရန် မျှော်မှန်း

ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ပုစွန်ထုတ်လုပ်မှု  တိုးတက်လာမည် ဖြစ်၍ ပြည်ပသို့ တင်ပို့မှုသည်လည်း ၁၅ ရာခိုင်နှုန်း  တိုးတက်ရရှိနိုင်ကြောင်း ဗန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။လွန်ခဲ့သော ငါးနှစ်ကတည်းက ထိုင်းနိုင်ငံရှိ ပုစွန်မွေးမြူရေး လုပ်ငန်း များ၌ အရွယ်မရောက်မီ  သေဆုံးသည့် ပြဿနာများနှင့် တွေ့ကြုံခဲ့ရပြီး နောက် ပုစွန်ထုတ်လုပ်မှုကျဆင်းခဲ့သည်။ ယင်း နောက် ပုစွန်သေဆုံးမှုကာကွယ်ရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ရေး ကို ဆောင်ရွက်ခဲ့သဖြင့် ယခုနှစ်တွင် ပုစွန်ထုတ်လုပ်မှုတိုးတက် လာမည်ဖြစ် သည်။ ထို့ကြောင့် ယခုနှစ်တွင် ပြည်ပ သို့ ပုစွန်တန်ချိန်နှစ်သိန်းတင်ပို့၍ ယမန်နှစ်ထက်  ၂၅ ရာခိုင်နှုန်းတိုးတက် ရန်နှင့် ဝင်ငွေဘတ် ၆၀ ဘီလီယံရရှိ၍ ယမန်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက် ရရှိရန် မျှော်မှန်းထားပါသည်။ယခုနှစ်၏ ပထမ ၁၁ လတွင် ပုစွန်တန်ချိန် ၁ ဒသမ ၆၁ သိန်းခန့် တင်ပို့ထားပြီး ဝင်ငွေဘတ် ၅၄ ဒသမ ၅ ဘီလီယံရရှိခဲ့ရာ ယမန်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ပါသည်။ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ပုစွန် တန်ချိန် သုံးသိန်းထုတ်လုပ်၍ ယမန် နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်ရန်နှင့် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၅ သိန်း ထုတ် လုပ်၍ ၂ ဒသမ ၅ သိန်းခန့် တင်ပို့ရန် မျှော်မှန်းထားပါသည်။ ထိုင်းနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် အမေရိကန်သို့ ၄၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသို့ ၃၀ ရာခိုင်နှုန်း၊ တရုတ်သို့ ၁၀ ရာခိုင်နှုန်း၊ ဥရောပနှင့် သြစတြေးလျသို့ ၂၀ ရာခိုင်နှုန်း တင်ပို့ ရောင်းချလျက်ရှိပါသည်။

 ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့