You are here ပြည်နယ်ဖွံ့ ဖြိုးရေးအတွက် ထိုင်းအစိုးရက အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်းမည်
ထိုင်းအစိုးရသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဘတ် ၁၀၀ ဘီလီယံ တန်ဖိုးရှိ အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်း၍ အရေးကြီးသော ပြည် နယ် ၁၈ ခု၏ ဖွံ့ဖြိုးရေးအတွက် သုံးစွဲ မည်ဖြစ်ရာ တိုင်းပြည်စီးပွားရေး တိုး တက်မှုကို အထောက်အကူပြုမည် ဖြစ် ပါသည်။ထိုင်းနိုင်ငံတွင် အစိုးရေ<ကးမြီ သည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဘတ် ၅ ဒသမ ၉၉ ထရီလီယံ (ွီဏ ၏ ၄၂ ဒသမ ၇ ရာခိုင်နှုန်း) ရှိသဖြင့် ယခင် ဘဏ္ဍာနှစ်ထက် ဘတ်ဘီလီယံ ၂၀၀ မြင့် တက်ခဲ့ပါသည်။ ထို့နောက် အစိုးရ ကြွေးမြီသည် ၂၀၁၇ ဘဏ္ဍာနှစ်တွင် ွီဏ ၏ ၄၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားပါသည်။ယခင်နှစ်များက အရေးကြီး ပြည်နယ်များ၏ ဖွံ့ဖြိုးရေးအတွက် တစ် ပြည်နယ်လျှင် ရန်ပုံငွေဘတ်သန်း ၅၀၀ ခန့်ကိုသာ သုံးစွဲခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တစ်ပြည်နယ်လျှင် ဘတ် ၆ ဘီလီယံခန့်အထိ သိသိ သာသာ တိုးမြှင့် သုံးစွဲမည်ဖြစ်ပါသည်။ ယင်းဖွံ့ဖြိုးရေး ရန်ပုံငွေများကို ပြည် နယ်များ ကိုယ်တိုင် စီမံခန့်ခွဲ၍ သုံးစွဲ ရမည်ဖြစ်သည်။ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ်ရာတွင် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်း များအားလုံး ပါဝင်သည့် အစည်းအဝေးများ ကျင်းပ ၍ ဆောင် ရွက် ရမည်ဖြစ်ပါသည်။ ပြည် နယ်အလိုက် ဖွံ့ဖြိုးရေးစီမံချက်များကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တင်ပြ ရန်နှင့် ဖေဖော်ဝါရီလတွင် ရန်ပုံငွေများ ကို လွှဲပြောင်းပေးမည် ဖြစ်သည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့