လာမည့်လေးနှစ်တွင် ပဲအထွက်နှုန်းတိုးတက်လာစေ၇န်နှင့် ဆီထွက်သီးနှံ တိုးတက်အောင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရ မျှော်မှန်း
အိန္ဒိယနိုင်ငံသည် ပြည်တွင်းလိုအပ်ချက် ပြည့်မီနိုင်ရန်အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က စားသုံးဆီ တန်ဖိုး ရူပီး ၆၉၇၁၇ ကုဋေနှင့်ပဲမျိုးစုံ ရူပီးကုဋေ ၁၈၀၀၀ ဖိုးတို့ကို ပြည်ပမှ တင်သွင်းခဲ့ရကြောင်း၊ အိန္ဒိယအစိုးရ သည် နိုင်ငံ အတွင်း ပဲစိုက်ပျိုးရာ၌ စပ်မျိုးစေ့များနှင့် အထွက်နှုန်း ကောင်းမွန်မြင့်မားသည့် မျိုးစေ့များကို အသုံးပြုခြင်းအားဖြင့် ၂၀၂၀-၂၀၂၁ တွင် ပဲအထွက်နှုန်း ၅၀ ရာခိုင်နှုန်း အထိ တိုးတက်လာအောင် ဆောင် ရွက်ရန် မျှော်မှန်း ထားကြောင်း ၊ ပြီးခဲ့သည့်နှစ်က ပဲထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၄၇ သန်းသာရှိခဲ့ရာ၊ ၂၀၁၆-၂၀၁၇ တွင်တန်ချိန် သန်း ၂၀၊ ၂၀၁၇-၂၀၁၈ တွင် တန်ချိန် ၂၁ သန်းနှင့် ၂၀၂၀- ၂၀၂၁ တွင် တန်ချိန် ၂၄ သန်း ထုတ်လုပ်နိုင် ရန် မျှော်မှန်း ထားကြောင်း၊ ပြည်တွင်းပဲလိုအပ်ချက် ပြည့်မီလာစေရေးအတွက် စိုက်ပျိုး ရေးဝန်ကြီးဌာနသည် အိန္ဒိယစိုက်ပျိုး ရေးသုတေသနကောင်စီ(Indian Council of Agricultural Research) နှင့် ပူးပေါင်းကာ သီးနှံ အထွက်နှုန်း မြင့်မားလာစေရေးနှင့် စိုက်ပျိုးမြေ ဧရိယာ တိုးချဲ့ခြင်းတို့မှတစ်ဆင့် ထုတ် လုပ်မှုပမာဏ တိုးတက်လာစေရေး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေး ဝန်ကြီး ဌာန ဝန်ကြီး ရာဒါမိုဟန်ဆင်း က ပြော ကြားကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍတွင်လည်း သီးနှံအထွက်နှုန်းမှာ နှစ်စဉ် ၂ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သော်လည်း စားသုံးဆီ သုံးစွဲ မှုပမာဏ တိုးတက်မှုနှုန်းမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း၊ သို့ဖြစ်၍ အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ပြည်ပမှ တင်သွင်းနေရ ကြောင်း၊ ပြီးခဲ့သည့်နှစ်က ပြည်တွင်းလိုအပ်ချက်ပြည့်မီနိုင်ရန် အတွက် ပြည်ပမှရူပီး ၆၉၇၁၇ ကုဋေဖိုးအထိ တင်သွင်း ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှင့် ၂၀၂၅ ခုနှစ်များ၌ နိုင်ငံ၏ဟင်းသီး ဟင်းရွက်ဆီ နှစ်စဉ်လိုအပ်ချက် ပမာဏကို ပြည့်မီနိုင်ရန် ဆီထွက် သီးနှံထုတ်လုပ်မှု ပမာဏအား မက်ထရစ် တန်ချိန် ၈၆ ဒသမ ၈၄ သန်းနှင့် ၉၃ ဒသမ ၃၂ သန်း အသီးသီး ထုတ်လုပ် နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ ဖြစ်၍ ပြည်တွင်းစားသုံးဆီ လိုအပ် ချက် ပြည့်မီနိုင်ရန်အတွက် ဆီထွက် သီးနှံအထွက်နှုန်း တိုးတက်လာစေရေးICAR မှ နည်းပညာအကူအညီ သာမက အဖွဲ့အစည်း ဆိုင်ရာနှင့် မူဝါဒဆိုင်ရာ အထောက်အပံ့များကိုပါ လိုအပ်နိုင် ကြောင်းICAR သည် ၎င်းအခြေပြု ထားသည့် သုတေသနအဖွဲ့အစည်း များတွင် ဆီထွက်သီးနှံကိုးမျိုးအတွက် သုတေသနလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံ များနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ စမ်းသပ်မှုတစ်ရပ် ပြုလုပ်အောင်မြင် ခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်လာစေရေးအတွက် စိုက်ပျိုး ရမည့် အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့များနှင့်စပ်မျိုး များ ကို တောင်သူ လယ်သမားများထံသို့ အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆီထွက်သီးနံှကိုးမျိုးအတွက် စမ်းသပ်ဖော်ဆောင်ထားသော အဆိုပါ နည်းပညာများကို အသုံးပြုစိုက်ပျိုး ခြင်းအားဖြင့် ဆီထွက်သီးနံှ အထွက် နှုန်းများ တိုးတက်လာနိုင်မည်ဟု ယုံ ကြည်ပါကြောင်းSingh က ထည့်သွင်း ပြောကြားထားခဲ့သည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့