အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးအခြေအနေ ကောင်းမွန်နေဆဲဖြစ်

ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းနေဆဲ ဖြစ်သော် လည်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာမူ အထိုက် အလျောက် တိုးတက်ကောင်းမွန်နေသည်ဟု အင်ဒို နီးရှား ဘဏ္ဍာရေးဝန်ကြီး ရှရီမူလျာနီအိန္ဒရာဝတီက ပြောကြောင်း အန်တာရာနယူးစ်သတင်းတွင် ဖော်ပြ သည်။ကမ္ဘာ့စီးပွားရေး အခြေအနေက နာလန်ထူလာ မယ့်လက္ခဏာကို ထူးထူးခြားခြား မတွေ့ရသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်လျက်ရှိပြီး ယခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅  ရာခိုင်နှုန်းထိရောက်ရှိမည်ဟုခန့်မှန်းကြောင်း ဝန်ကြီးက   ပြော သည်။အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ် ဆောင်ခွင့်လိုင်စင်ရရှိရန်လွယ်ကူမှု၊ လုပ်သားအင်အား တောင့် တင်းမှုတို့ကြောင့် အခွင့်သာသော  အခြေ အနေများ ရှိနေသည့်အတွက်  ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသော ဒေသတစ်ခု ဖြစ်လာ ကြောင်းနှင့် အဆိုပါ အခြေအနေများက တန်ဖိုးမြှင့် တင်ပေးမည့် အခြေအနေများအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ရှရီမူလျာနီ က ပြောသည်။
''စီးပွားရေးမူဝါဒအစီအစဉ် အမျိုးမျိုးနဲ့ စဉ် ဆက်မပြတ် ဆောင်ရွက်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေက ပုဂ္ဂလိက ကဏ္ဍမှ ာ စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာအောင် အားပေးလျက်ရှိနေပါတယ်။ အစဉ်ဖွံ့ဖြိုးနေပြီး ထုတ်လုပ်မှုစွမ်းအား မြင့်မားတဲ့ လူလတ် တန်းစားတွေနဲ့ အလားအလာရှိတဲ့ လူငယ် လူရွယ် ဦးရေ  များပြားမှုတွေကလည်း စီးပွားရေး တိုးတက်ဖို့ အတွက် အထောက်အကူ ဖြစ်စေပါတယ် ''ဟုသူမက ပြောသည်။
ထို့ပြင် လောလောဆယ်မှာ တိုင်းပြည်၏ အခွန် ဝင်ငွေက ပြည်ပမှာ သွားရောက်လုပ်ကိုင် နေသူများက လွှဲပြောင်းပေးပို့ငွေနှင့်  အခွန်လွတ်ငြိမ်းချမ်းသာခွင့် အရ ပေးဆောင်မှုများမှ ရရှိလာသောငွေများကိုမှီခို လျက်ရှိသော်လည်း စီးပွားရေး စွမ်းဆောင်ရည် တိုး တက်ရေးအတွက် စီးပွားရေးတွန်းအားပေး မူဝါဒ အဖြစ် ငွေကြေးမူဝါဒများ  ချမှတ်နိုင်မည့် နည်းလမ်း များကို အစိုးရက ရှာဖွေနေကြောင်း သူမကပြောပါ သည်။