ဂျပန်အစိုးရက စီးပွားရေးလှုံ့ဆော်အားပေးမှု အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၉၀ နီးပါးအသုံးပြုမည်

စားသုံးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကျဆင်းနေတဲ့ ဂျပန်စီးပွားရေးကို ပြန်လည်ရှင် သန်လာစေဖို့အတွက် စီးပွားရေးလှုံ့ဆော်အားပေးမှု အစီအစဉ်ကို ဆောင်ရွက်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သူ့အစိုးရအဖွဲ့ကို ဇူလိုင် ဒုတိယ သီတင်းပတ်က အမိန့်ပေးထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။စီးပွားရေးလှုံ့ဆော်အားပေးမှု အစီအစဉ်အဖြစ်  အစိုးရက ယန်းထရီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၅၅ ဘီလီယံ)ကို အသုံးပြုမှာဖြစ်ကြောင်း ဇူလိုင် ၂၀ရက်က အစိုးရသတင်းရပ်ကွက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ ပမာဏက စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုရဲ့ လေးရာခိုင် နှုန်းကျော်အထိ ရှိနေပေမယ့် စီးပွားရေးတိုးတက်မှုနှုန်းကို မြှင့်တင်ဖို့အတွက် အစိုးရ ရဲ့ သုံးစွဲမှုက မူလခန့်မှန်းထားတဲ့အောက်ကို ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။
သတ်မှတ်ထားတဲ့ ယန်းထရီလီယံ ၂၀ အနက် တစ်ဝက်က အမျိုးသားအစိုးရနဲ့ ဒေသန္တရအစိုးရအဖွဲ့တွေရဲ့ တိုက်ရိုက်အသုံးစရိတ်နဲ့ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုမှ ချေးငွေအစီအစဉ် နှစ်ခုပေါင်းကနေ ရရှိမှာဖြစ်ပါတယ်။ကျန်တစ်ဝက် ကိုတော့ နိုင်ငံတော်က ထောက်ပံ့ကြေး ပေးထားတဲ့ ပုဂ္ဂလိက ကဏ္ဍ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတစ်ပိုင်း ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ သုံးစွဲမှုကနေတစ်ဆင့် ရရှိမှာဖြစ်ပါတယ်။ သုံးစွဲငွေပမာဏကို သြဂုတ် ၂ရက် မှာ အစိုးရကအဖွဲ့က အတည်မပြုမီ ထပ်မံတိုးချဲ့ပေးဖို့ညှိနှိုင်းနိုင်ပါတယ်။