ဟောင်ကောင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သြစတြေးလျနိုင်ငံ ရှိ နိုင်ငံတကာလေဆိပ်များအားလုံး၌ အလိုအလျောက် Immigration Clearance ဝန်ဆောင်မှုအား အသုံးပြုနိုင်တော့မည်

ဟောင်ကောင်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများသည် သြစတြေးလျ နိုင်ငံ ရှိ နိုင်ငံတကာ လေဆိပ်များ အားလုံး ၌ အလိုအလျောက် Immigration Clea-rance ဝန်ဆောင်မှုအား အသုံးပြုနိုင် တော့မည် ဖြစ် သည်။ ဒေသနှစ်ခု အကြား စီးပွားရေးနှင့် ခရီး သွား လုပ်ငန်း ချိတ်ဆက် မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့တွင် ပိုမို တိုးတက် လာစေရန် ရည်ရွယ် ၍ Smart  Gate  ဟုခေါ်သော အခမဲ့ ဝန်ဆောင်မှုအား ကြိုတင်စာရင်းပေး သွင်း ရန် မလိုအပ် ဘဲ ဇွန်လ ၂၀ ရက်မှ စတင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။
၂၀၀၇ ခုနှစ်မှစ၍ ဟောင်ကောင် နိုင်ငံကူး လက်မှတ်စာအုပ်များအား အီလက်ထရောနစ် Chips  များဖြင့်ထုတ် ပေးခဲ့ရာ ၂၀၁၄ ခုနှစ်တွင် နိုင်ငံကူး လက်မှတ်စာအုပ်ပေါင်း ၅ ဒသမ ၁၇ သန်း ထုတ်ဝေပြီးဖြစ်ခဲ့သည်။ ဟောင်ကောင် လူဝင်မှု ကြီးကြပ် ရေးဌာနမှ ၂၀၁၄ ခုနှစ်တွင် နိုင်ငံကူး လက်မှတ်စာအုပ်ပေါင်း ၇၆၉ç၄၆၆  နှင့် ယမန်နှစ်တွင် ၇၅၆,၄၆၀ ထုတ်ပေး ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဧပြီအထိ ၁၂ လအတွင်း သြစတြေးလျသို့ လည်ပတ်ခဲ့သည့်  ဟောင်ကောင်နိုင်ငံ သားပေါင်း ၂၃၄,၀၀၀ ခန့်ရှိခဲ့ပြီး စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။
ဟောင်ကောင်နှင့် သြစတြေးလျ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ အတွက် အလိုအလျောက် စာရင်းရှင်း လင်းရေးဝန်ဆောင်မှု  (Automated Clearance Services) ကြောင့် ခရီးသွား လာရာတွင် အဆင်ပြေချောမွေ့မှုများ စွာ ဖြစ်ထွန်းနိုင်ကြောင်း Smart Gate ဝန်ဆောင်မှုမှာ ဟောင်ကောင်ခရီးသွား များအတွက်  Border clearance ပြုလုပ် ခြင်းအတွက် ပိုမိုမြန်ဆန်စွာနှင့် ထိ ရောက်စွာပြုလုပ်နိုင်ခြင်းအပြင် သြစ တြေးလျ နယ်စပ်ဆိုင်ရာ အရာရှိ များ အနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် မှုများအတွက် စုံစမ်းဖော်ထုတ်ခြင်းတွင် အထူးအာရုံစိုက်လုပ်ဆောင်နိုင်ကြောင်း၊ ဟောင်ကောင်မြို့ရှိ သြစတြေးလျကောင် စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။
၁၆ နှစ်နှင့် အထက် ဟောင်ကောင် အီလက်ထရောနစ်နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်သူများအား သြစတြေးလျတွင် အမည်ပျက်စာရင်း သွင်းထားခြင်း မရှိကြောင်းနှင့် Valid visaအတွက် လေဆိပ်သို့ ရောက်ရှိချိန်တွင် Smart Gate ဝန်ဆောင်မှုအား၊ ဆစ်ဒနီ၊ မဲလ် ဘုန်း၊ ဘရစ္စဘိန်း၊ အက်ဒလိတ်၊ ဒါဝင်၊ Cairns?The Gold Coast   နှင့်  Perch  တို့ရှိ နိုင်ငံတကာလေဆိပ်များတွင် အသုံးပြု နိုင်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင် ခရီးသွားများ အတွက် Smart Gate ဝန်ဆောင်မှုအား  ကြိုတင်စာရင်းသွင်းရန် မလိုဘဲ မျက်နှာ ပုံရိပ်ဖတ်ခြင်း နည်းပညာအား အသုံးပြု ရန် သြစတြေးလျ အာဏာပိုင်များက ခွင့်ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် က ပြောကြား ခဲ့ သည်။
ခရီးသည်များအနေဖြင့် ဆိုက် ရောက်ခန်းမဆောင်တွင်Smart Gate ဝန်ဆောင်မှုအား ကိုယ်တိုင်ပြုလုပ်နိုင်ပြီး၊ ပုံရိပ်ဖတ်စက်ပေါ်တွင် ၎င်းတို့၏ နိုင်ငံ ကူးလက်မှတ်အား တင်ထားရန်ဖြစ်ပြီး၊ အစီအစဉ်အားလုံးပြီးဆုံးပါက smart ticket  နှင့် နိုင်ငံကူးလက်မှတ် ရယူ ပြီး၊ ခရီးသည် ဆိုက်ရောက်ဝင်ပေါက်ဝတွင် သက်သေခံ အတည်ပြုချက် ရရှိစေရန် ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအလားတူ အစီအစဉ်အား ဟောင်ကောင်နိုင်ငံကူး လက်မှတ် ကိုင် ဆောင် သူများ အတွက် တောင်ကိုရီးယား၊ ဂျာမနီနှင့်စင်ကာပူ နိုင်ငံတို့နှင့်ပါ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့