ဘရက်ဇစ် အကျိုးဆက်ကြောင့် လာမယ့်သုံးနှစ်အထိ အီးယူစီးပွားရေး ဖွံ့ ဖြိုးမှုနှုန်း သုည ဒသမ ငါးရာခိုင်နှုန်း ကျဆင်းမည်ဟု ဒရပ်ဂီခန့်မှန်း

အီးယူမှ  ဗြိတိန်နိုင်ငံ  ထွက်ခွာဖို့ ဆုံးဖြတ်ချက် (ဘရက်ဇစ်) ကြောင့် လာ မည့်သုံးနှစ်အတွင်း အီးယူရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ မူလခန့်မှန်းထားတဲ့နှုန်း အောက်  နောက်ထပ်   သုည ဒသမ ၃ ရာခိုင်နှုန်းသို့မဟုတ် သုည ဒသမ ၅ ရာခိုင်နှုန်း  ပိုမို ကျဆင်းလာနိုင်တယ်လို့ ဗြိတိသျှဆန္ဒခံယူပွဲပြီး  နောက်ကျင်းပတဲ့ အီးယူနိုင်ငံများမှ   ခေါင်းဆောင်များ အစည်းအဝေးမှာ  ဥရောပဗဟိုဘဏ် (အီးစီဘီ)ဥက္ကဋ္ဌမာရီယိုဒရပ်ဂီက အီးယူ ခေါင်းဆောင်များ ကို ပြောေ ကြာင်း ရိုက် တာသတင်းမှာ ဖော်ပြပါတယ်။ယူရိုဇုန်ရဲ့  စီးပွားရေးက ၂၀၁၆ ခုနှစ်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့မှာ  ၁ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မယ်လို့ ဇွန် ၂၃ ရက် ဗြိတိန်နိုင်ငံဆန္ဒခံယူပွဲမတိုင်မီ ဇွန်လ ဆန်းမှာအီးစီဘီက ခန့်မှန်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့  စီးပွားရေး နှေး ကွေးကျဆင်းလျှင်သော် လည်းကောင်း၊ ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်မှု ကျဆင်းလျှင် သော်လည်းကောင်း   ဖွံ့ဖြိုးတိုးတက်မှု နှုန်းက ခန့်မှန်းထားတဲ့ အောက်ကိုကျ ဆင်းနိုင်မယ်လို့ ဒရပ်ဂီ ကပြောပါ တယ် ။ စတော့ရှယ်ယာဈေးနှုန်းတွေ  ကျဆင်း မယ်ဆိုရင်လည်း ယူရိုဇုန်ရဲ့ ဖွံ့ဖြိုးမှုူကို ထိခိုက်စေနိုင်တယ်လို့ ဒရပ်ဂီက အီးယူ ထိပ်သီးအစည်းအဝေးမှာ   ပြောပါ တယ်။ဘရက်ဇစ်နောက် ပိုင်း အီးယူကို ထိန်းမနိုင်  သိမ်းမနိုင်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ်  ဥရောပပြင်ပမှ ပုဂ္ဂိုလ်များ က ရှုမြင်လာနိုင်တဲ့အန္တရာယ်ရှိကြောင်း လည်း ဒရပ်ဂီက ပြောပါတယ်။  အစိုးရ များက  ဒီလိုစိုးရိမ်မှုတွေကို ပပျောက် သွားအောင်  ပူးပေါင်းကြိုးပမ်းဆောင် ရွက်ပြီး အထူးသဖြင့်  ဘဏ်လုပ်ငန်း ကဏ္ဍမှာဖြစ်ပေါ်လာမယ့်  မတည်ငြိမ်မှု တွေကို   ဖြေရှင်းဖို့လိုကြောင်းလည်း  သူက ပြောပါတယ်။