CLMV နိုင်ငံများသို့ ထိုင်းနိုင်ငံက ပို့ကုန်တိုးမြှင့်မည်

ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အတွင်း ကျဆင်းခဲ့ပြီးနောက်CLMV နိုင်ငံများသို့ ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဒေသတွင်း CLMV  နိုင်ငံများနှင့် ထိုင်း နိုင်ငံတို့သည် ချိတ်ဆက်ဆောင်ရွက်ရန် လွယ်ကူခြင်း၊
 ကမ္ဘာ့ အချက်အခြာနေရာ ဖြစ်လာရန်ရှိ ခြင်း၊ ကမ္ဘာ့ခရီးသွားများ အာရုံစိုက်သည့် နေရာဖြစ်လာခြင်းတို့ ကြောင့် အာရှ တိုက်တွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက် ရန်အလားအလာ အကောင်းဆုံးဒေသသစ်တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Apiradi Tantraporn က ပြော ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံမှ CLMV  နိုင်ငံများသို့ တင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိသဖြင့် အရေးပါ သော ကုန်သွယ်ဖက်နိုင်ငံများဖြစ် ကြပါသည်။ ယခုနှစ်အတွင်း CLMV နိုင်ငံ များသို့ စုစုပေါင်း တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၀၇ ဘီလီယံရရှိရန် ခန့်မှန်းထားကြောင်း တွေ့ရှိရပါသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုများ ရှိနေသော်လည်း CLMV နိုင်ငံများ သည် ၎င်းင်းတို့ ၏စီးပွားရေးကို တိုးတက်မှုရရှိ အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ ရှိရပြီး တစ်နှစ်လျှင် တစ်ဦးချင်းဝင်ငွေမှာပျမ်းမျှအမေရိ ကန်ဒေါ်လာ ၂၉၂၇ ရှိပါ သည်။ CLMVလေးနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၁၉၄ သန်းရှိပြီး အများစုမှာ အလုပ်လုပ်နိုင်သည့် အသက်အရွယ်များ ဖြစ်ကြပါသည်။ ထို့ကြောင့်တစ်ဦး ချင်း၏ ဝယ်ယူနိုင်စွမ်းများလည်း မြင့်မားမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ထပ်လောင်းပြောကြား ခဲ့ပါသည်။
   

     ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့