ဂူ၈ျရတ်ပြည်နယ် အခြေခံအဆောက်အအုံဖွံ့ ဖြိုးရေးတိုးတက်ရေးအတွက် ရူပီးကုဋေနှစ်သိန်းရရှိမည်

အိန္ဒိယဗဟိုအစိုးရက လာမည့် သုံးနှစ်အတွင်း ဆိပ်ကမ်းနှင့်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂူဂျရတ် ပြည်နယ်သို့ ဘဏ္ဍာငွေရူပီးကုဋေနှစ် သိန်းအား ခွဲဝေချထားပေးလိမ့်မည်ဖြစ် ကြောင်း၊ ကုန်းလမ်းသယ်ယူ ပို့ဆောင် ရေး၊ အဝေးပြေးလမ်းမနဲ့ ရေကြောင်း တင်ပို့ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး နီတင်ဂက်ကာရီက မေ ၃၀ ရက် မှာ ပြောကြားခဲ့ကြောင်း သိရပါသည်။နီတင်ဂက်ကာရီသည် ဆမ်နတ် မြို့နှင့်ဘာနာဂါမြို့တို့ကို ဆက် သွယ် ပေး မည့် ၂၅၆ ကီလိုမီတာရှည်လျား သည့် လေးလမ်းသွားကားလမ်းမကြီး စတင်တည်ဆောက်မည့် အုတ်မြစ်ချ အခမ်းအနားသို့ တက်ရောက် ခဲ့ ကြောင်း၊ အဆိုပါလမ်းမကြီးအားNational Highway  Authority of India  မှ တာဝန်ယူဆောင်ရွက်မည်ဖြစ် ပြီး ကုန်ကျစရိတ်ရူပီး ၄၈၇၆ ကုဋေ ကုန်ကျမည်ဖြစ်ကာ နှစ်နှစ်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။
၎င်းအခမ်း အနားတွင် နီတင် ဂက်ကာရီက စုစုပေါင်းလမ်းအရှည် ၆၇၅ ကီလိုမီတာရှိလမ်းမကြီး ခုနစ်ခု အား အမျိုးသားအဝေးပြေးလမ်းမကြီး များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် ဗဟိုအစိုးရအနေဖြင့် စဉ်းစားလျက် ရှိ ကြောင်း ၊Devbhoomi Dwarka ခရိုင်အတွင်းရှိOkha မြို့နှင့်Bet-Dwarka  မြို့တို့ အကြား ဆက်သွယ်ပေး မည့် တံတား တစ်စင်းအား ကုန်ကျငွေ ရူပီး ကုဋေ ၄၉၀ ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ၊Somnath နှင့် Porbandar Dwarka  ကမ်းရိုး တန်းမြို့များကို ဆက် သွယ်ပေးမည့် ကီလိုမီတာ ၂၁၀ ရှည် လျားသည့် ကမ်းရိုးတန်းအဝေးပြေး လမ်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများ ကိုလည်းယခုနှစ် သြဂုတ်လ၌ စတင် လိမ့်မည်ဖြစ်ကြောင်း၊Dholera SIR  မြို့နှင့် Ahmedabad ိ မြို့တို့ကို ဆက် သွယ်ထားသည့် လမ်းမကြီးကိုလည်း ခြောက်လမ်းသွားအဝေးပြေးလမ်းမ ကြီးအဖြစ် ပြောင်းလဲဆောင်ရွက်မည်ဟု ပြောကြားကြောင်း သိရပါသည်။ဂူဂျရတ်ပြည်နယ်သည် လာမည့်  ရွေးေ ကာက်ပွဲ ၌ ဝန်ကြီးချုပ် နရိန္ဒရာ မိုးဒိ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ် ဖြစ်ကြောင်း သိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့