အိန္ဒိယဝန်ကြီးချုပ် မိုးဒိ၏ အီရန်ခရီးစဉ်အတွင်း သုံးနိုင်ငံ ပို့ဆောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်

ချာဘာဟာ ဆိပ်ကမ်းအား အချက်အချာနေရာအဖြစ် အသုံးပြု၍ သယ်ယူပို့ဆောင်ရေးနှင့် တစ်ဆင့်ခံ စြင်္ကံတည်ဆောက်ရေးအတွက် အိန္ဒိယ၊ အီရန်နှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ အကြား သုံးနိုင်ငံသဘောတူညီချက်ကို မေ ၂၂ ရက်မှ ၂၃ ရက်အထိ တီဟီရန် သို့သွားရောက်မည့် ဝန်ကြီးချုပ် နရိန္ဒရာ မိုးဒိ၏ အလည်အပတ်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးလိမ့်မည် ဖြစ်ကြောင်း၊ မိုးဒိသည် အီရန်နိုင်ငံ၏ အထွတ်အထိပ် ခေါင်းဆောင် အယာတိုလာ ဆာရစ်အလီ ဟိုစေနီခါမေ နီ၊ သမ္မတ ဟတ်ဆန်ရိုဟာနီ တို့နှင့် နက်နဲလှသည့် နှစ်နိုင်ငံဆက်ဆံ ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်ဒေသတွင်းအခြေအနေနှင့် ကမ္ဘာ့ရေးရာများအပေါ် အမြင်ချင်း ဖလှယ်မှုများကို ပြုလု ပ်ဆွေးနွေး ကြမည် ဖြစ်ကြောင်း၊ ထို့ပြင် ချာဘာဟာ ဆိပ်ကမ်း၏ အပိုင်း (၁) အား အိန္ဒိယ နိုင်ငံမှ အကောင်အထည်ဖော်ဆောင် ရွက်မည့်  နှစ်နိုင်ငံစာချုပ်ကိုလည်းIndian Ports Global နှင့် Arya Banader of Iran  တို့အကြား  လက်မှတ်ရေးထိုးလိမ့် မည်ဖြစ်ကြောင်း၊  အဆိုပါဆိပ်ကမ်း အတွက် အိန္ဒိယEXIM bankု မှ  အီရန် သို့ ချေးငွေသဘောတူညီမှုဆိုင်ရာ စာချုပ်စာတမ်းများကိုလည်း လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ သည် ချာဘာဟာဆိပ်ကမ်း ပထမပိုင်း အတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းင်းအနက် အမေရိကန် ဒေါ်လာသန်း ၁၅၀ အား  EXIM bank မှ ထုတ်ချေး ပေးမည်ဖြစ်ကြောင်း၊ အိန္ဒိယပြည်ပရေး ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ွGopal Baglay ကပြောကြားထား ကြောင်း သိရပါသည်။Chabahar - Zahedan - Zaranj အား စြင်္ကံအဖြစ် အသုံးပြုမည့် သုံးနိုင်ငံ သဘောတူညီချက်သည် ဒေသတွင်း ဆက်သွယ်မှု အထူးသဖြင့် အာဖဂန် နစ္စတန်နိုင်ငံအတွက်  အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေကြောင်းမှလုံခြုံစိတ်ချစွာ ဖြင့် သွားလာရန်အတွက် များစွာ အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းသည် အိန္ဒိယနိုင်ငံ အတွက် အာဖဂန်နစ္စတန်၊ အာရှ အလယ်ပိုင်းသာ မက တောင်မြောက် သယ်ယူပို့ဆောင်ရေးစြင်္ကံနှင့်ပါ ဆက်သွယ်ရန် အလား အလာများစွာ သိသိသာသာ တိုးလာလိမ့် မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံအပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ပြီး နောက် မိုးဒိ၏ အလည်အပတ်ခရီးစဉ် သည်  ဆက်သွယ်ရေးနှင့်အခြေခံ အဆောက်အအုံ၊ စွမ်းအင်ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး၊ တည်ငြိမ်အေးချမ်းရေး
ပုံမှန်အစည်းအဝေးများတိုးမြှင့်ရေး၊ဒေသတွင်းနှင့်အိမ်နီးချင်းနိုင်ငံများ တိုးမြှင့် ဆက်ဆံရေးနှင့် ပြည်သူများအချင်းချင်း ဆက်ဆံရေးတိုးမြှင့်စေရေးတို့ကို အဓိက ထား ဆွေးနွေးမည်ဖြစ်ကြောင်း၊Cha-bahar Free Trade Zone  နှင့် အီရန်နိုင်ငံ ရှိ မီးရထားစီမံကိန်းများတွင် အိန္ဒိယမှ ပြည်သူပိုင်နှင့်ပုဂ္ဂလိက ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံနိုင်မည့် အကျိုး ကျေးဇူးများ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ Farzad B ဓာတ်ငွေ့လုပ် ကွက်နှင့်စပ်လျဉ်း၍ အိန္ဒိယ
၏ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် အီရန်နှင့် ဝယ်သူရောင်းသူ ဆက်ဆံရေး ထက် ကျော်လွန်တိုးတက်လာနိုင်ဖွယ်ရှိ ကြောင်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင် ရာ ဆွေးနွေးမှုများကို လည်း ဆက်လက် ပြုလုပ်သွား
မည်ဖြစ်ကြောင်း၊ အိန္ဒိယ အနေဖြင့် အီရန်မှရေနံ တင်သွင်းမှု အတွက် ပေးချေရမည့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ မှာ ပမာဏ များပြားသည့်အတွက် လွှဲ ပြောင်းပေးပို့ ရန် သင့်တော်သည့် ဘဏ်
လမ်းကြောင်း မတွေ့ရှိသေးသဖြင့် အကြွေး တင်လျက် ရှိကြောင်း သိရပါသည်။မိုးဒိ၏ အီရန်အလည်အပတ်ခရီး စဉ်သည် နှစ်နိုင်ငံ၏ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုကို ချဲ့ထွင်ရန်နှင့်ယခုနှစ် အစောပိုင်းတွင် အီရန်နိုင်ငံအား အရေး ယူပိတ်ဆို့မှုရုပ်သိမ်းခဲ့ခြင်းနှင့်အတူ ရရှိ လာနိုင်သည့်အခွင့်အလမ်းသစ်များမှ အပြန်အလှန်အကျိုးဖြစ်ထွန်းစေရန်နှင့် နှစ်နိုင်ငံစီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းမှုတိုးချဲ့ရန်အတွက် အချိန်ကိုက် တွန်းအားတစ်ရပ်ဖြစ်စေ လိမ့်မည်ဟု ြေါူပေ ကပြောကြားထား ကြောင်း သိရပါသည်။
        ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့