တရုတ်ပြည်မကြီး၏ ကန့်သတ်မှုများကြောင့် ဟောင်ကောင်အာမခံလုပ်ငန်းများ ထိခိုက်နိုင်

တရုတ်စည်းမျဉ်း ချမှတ်သူများက တရုတ်ပြည်သူများအား ဟောင် ကောင်မှ အာမခံပေါ်လစီများ ဝယ်ယူ ရာတွင် အန္တရာယ်ရှိနိုင်ကြောင်း သတိ ပေးပြောကြားလိုက်သည့်အတွက် ဟောင် ကောင်အာမခံလုပ်ငန်းရှင်များ များစွာ ထိခိုက်နိုင်မည့် အခြေအနေမျိုးဖြင့် ရင် ဆိုင်နေရသည်။ ယမန်နှစ်တွင် တရုတ် ၏ ယွမ်ငွေဈေးကျဆင်းမှုကြောင့် ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန် ဒေါ်လာဖြင့်ရောင်းဝယ်သော အာမခံ ပေါ်လစီများကိုသာ ဝယ်ယူခဲ့ကြသည့် အတွက် ဟောင်ကောင်သည် အာမခံ လုပ်ငန်းတွင် ရေပန်းစားကျော်ကြား သည့် မြို့ဖြစ်ခဲ့သည်။တရုတ်စည်းမျဉ်းချမှတ်သူများ က ဤသို့ သတိပေးရခြင်းမှာ တရုတ် နိုင်ငံအတွင်း အာမခံလုပ်ငန်းများ၏ အရှုံး ဖြစ်ပေါ်မှုကို    ကာကွယ်ရန်နှင့် ငွေအရင်းအနှီးများ ပြင်ပသို့ စီးထွက်မသွားစေရန်ဖြစ်ကြောင်း    လေ့လာသူ များက ပြောကြားခဲ့သည်။တရုတ်အာမခံလုပ်ငန်း စည်းကမ်း ထိန်းချုပ်ရေးကော်မရှင်က ဟောင်ကောင် အာမခံပေါ်လစီ များကို တရုတ်ပြည်မ ကြီး၏ ဥပဒေအားဖြင့် ကာကွယ်နိုင်မှု မရှိကြောင်း ၎င်းင်းကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ သည်။ အာမခံနှင့် ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပါက တရားရုံးစရိတ် မှာ ဟောင်ကောင်တွင် ပိုများကြောင်း၊ ငွေလဲနှုန်း ကွာဟမှု ကြောင့် အရှုံးဖြစ်ပေါ်နိုင်ကြောင်းဟောင်ကောင်မှ အမြတ်ဝေစုပေးမှု အပေါ်တွင်လည်း စည်းကမ်းပြဋ္ဌာန်း ချက် မရှိကြောင်းပြောကြားခဲ့သည်။အာမခံကုမ္ပဏီများအနေဖြင့် ၎င်းင်း တို့ထုတ်ရောင်းသော ပေါ်လစီများအပေါ် တွင် ဝယ်ယူပြီးနောက် ပိုင်းနှစ်နှစ်အတွင်း တာဝန်မယူတော့ပါက မည်သည့်ငွေမှ ပြန်ရရှိမည်မဟုတ်ကြောင်းနှင့်ဟောင် ကောင် အာမခံလုပ်ငန်းအငြင်းပွားမှု ဖြေရှင်းပေးရေး ဌာန  (Hong Kong Insurance Claims Camplaints Bereau)အနေဖြင့်လည်း အများဆုံး ဟောင်ကောင်ဒေါ်လာ တစ်သန်းအထိ သာဖြေရှင်းပေးနိုင်ကြောင်း သတိပေး ပြောကြားခဲ့ သည်။ဟောင်ကောင်၏ အကြီးဆုံး အသက် အာမခံကုမ္ပဏီ AIA  ၏လုပ်ငန်းသစ်မှ ပထမသုံးလပတ်တွင် အမေရိ ကန်ဒေါ်လာ ၅၇၈ သန်းရင်းနှီး မတည်ခဲ့ပြီး ယမန်နှစ်ထက် ၃၆ ရာခိုင် နှုန်းတိုးလာကြောင်း၊ ၎င်းင်းရင်းနှီးမြှုပ်နှံ ငွေမှာ တရုတ်ပြည်မကြီး မှ ဟောင်ေ ကာင် ဒေါ် လာ ၃၁ ဒသမ ၆ ဘီလီယံရှိပြီး၊ အသက်အာမခံပေါ်လစီအားလုံး၏ ၂၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြောကြာခဲ့သည်။တရုတ်ပြည်မကြီး၏ ရင်းနှီးမြှုပ်နှံ သူများမှ ယွမ်တန်ဖိုးအားနည်း မှုနှင့် ငွေလဲလှယ် မှု အရှုံးဖြစ် ပေါ်ခြင်းမှ လွတ် မြောက်နိုင်ရန် ဟောင်ကောင် ဒေါ်လာ တန်ဖိုးဖြင့် ထုတ်ရောင်းသောပေါ်လစီ များကိုဝယ်ယူလိုကြကြောင်း၊ တရုတ် စည်းမျဉ်း ချမှတ်သူများအနေဖြင့် လွတ် လပ်သောဈေးကွက် ယှဉ်ပြိုင်မှုကို ဝင် ရောက် မစွက်ဖက်သင့်ကြောင်း၊ ရင်းနှီး မြှုပ်နှံသူများအား ၎င်းင်းတို့နှင့် သင့်တော်သော အာမခံပေါ်လစီများ ဝယ်ယူရန် အခွင့်အရေးပေးသင့်ကြောင်း ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း ဥပဒေ များရေးဆွဲ Wah-Fung  မှ ပြောကြားခဲ့သည်။တရုတ်မှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ယွမ်တန်ဖိုးကျဆင်းမည်ကို စိုးရိမ်မှုနှင့်အတူ ဟောင်ကောင်မှ အာမခံ ပေါ်လစီများကို ဆက်လက်ဝယ်ယူလိုသော် လည်း တရုတ်၏ကန့်သတ်မှု များကြောင့် ပေါ်လစီ များဝယ်ယူနိုင်စွမ်းကျဆင်းကာ ဟောင် ကောင်အာမခံလုပ်ငန်းများ ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါ သည်။          

  ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဟောင်ကောင်မြို့