သြင်္ကန်အပြီး ကြက်သွန်နီ လှိုင်လှိုင်ဝင်ရောက်ကာဈေးကျ

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၉၈၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၈၀၀၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈၈၁၈ တန်ဖိုးရှိ ကြက်သွန်နီ ၅၈၂ တန်၊  တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။သြင်္ကန်ကာလနောက်ပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ထွက်ရှိ တဲ့ ကြက်သွန်နီများ နယ်ဈေးကွက်အသီးသီးသို့  နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် ကြက်သွန်နီဈေးများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ မုံရွာ၊ ပခုက္ကူ၊ မန္တလေး၊ ရှမ်းပြည်နယ်ဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများ ဆက်တိုက် ဝင်ရောက်နေ ကာ တစ်ပိဿာလျှင် ၄၀၀-၅၀၀ ဈေးခန့်သာရှိနေကြောင်း ၊ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကြောင်းတစ်လျှောက်နဲ့ ဆွာချောင်းတစ်လျှောက်ရှိ  တစ်ပိုင်တစ်နိုင် ကြက်သွန်စိုက် တောင်သူများစိုက်တဲ့ ကြက်သွန် ခင်းများမှလည်း ပိုလျှံတဲ့ကြက်သွန် များကို ဈေးကွက်သို့ပင် တင်ပို့ရောင်းချနိုင်တာကြောင့် ဝယ်ယူသုံးစွဲနိုင်မှုထက်  ရောင်းလိုအားပိုလာတာကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း   ရေတာရှည်မြို့ နယ်ဈေးကွက်အတွင်းမှ သိရပါတယ်။     

                           
  မော်မော်အောင်