မုံရွာဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ပါး၊ ပဲစင်းငုံနီ ကို ရန်ကုန်အဝယ်များ ပဲတီစိမ်းလုံးသေး ပစ္စည်း လက်ကျန်နည်း

မုံရွာဈေးကွက်မှာ မတ်ပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့်ရောင်းသူကုန်သည်များ အရောင်းနည်းနေ ကြောင်းသိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာကို ၂၆၄၀ ကျပ်  (တစ်တန်ကို ၁၆၁၆၇၀၉ ကျပ်) ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို Export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က တစ်ပိသာကို ၂၄၇၅ ကျပ် (တစ်တန်ကို ၁၅၁၅၆၆၅ ကျပ်) ဈေးဖြင့် ဝယ်လိုအားများပေ မယ့် လှောင်လက်တွေက ထုတ်ရောင်း မှု နည်းခဲ့ကြောင်း သိရပါ တယ်။ ပဲတီစိမ်းလုံးသေးကတော့ ကုန်သည်လက်ဝယ်မှာ ပစ္စည်း လက်ကျန်နည်းနေသလို အရောင်းအဝယ်လည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။