မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးဆန် တန် ၆၀ ကျော် တင်ပို့

    မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်ကုန်သွယ်ရေးဇုန်မှ ဖေဖေါ်ဝါရီ ၂၇ ရက်မှ မတ် ၄ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ဆီးဆန် ၆၇ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီ တင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်အနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်းတန်ဖိုးရှိ ဆီးဆန် တန် ၄၀ ကျော်တင်ပို့ခဲ့တာမို့ယခုသီတင်းပတ်မှာတော့ ၂၆ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။စစ်တွေ ကုန်သွယ်ရေး စခန်းကတော့ ယခု သီတင်းပတ် မှာ ဆီးဆန်တင်ပို့မှု မရှိသော်လည်း ဆီးသီးခြောက် ၈၄ တန်၊ ဆီးဖတ် ၆၂ တန်နဲ့ ဆီးယိုထုတ်တန် ၄၀ ၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၀၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

တင်တင်ထွန်း