မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ

မူဆယ်ဈေးကွက်မှာ  ဒီတစ်ပတ်  ပြောင်းသီးနှံအနေဖြင့် တစ်ပတ်အတွင်း တန်ချိန် ၁၇၀၀၀ နီးပါးဝင်ရောက်ခဲ့သလို တရုတ်ဘက်ကလည်း အရည်အသွေးပေါ်မူတည်ပြီးဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလိုတစ်အိတ်ကို ၇၈ ယွမ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။